Wednesday, June 28, 2017

စပါးအသင်းဥက္ကဋ္ဌ ဒန်နီယယ်လက်ဗီက ဟယ်ရီကိန်းအတွက် ကမ်းလှမ်းမှုအားလုံးကို ငြင်းပယ်

Image may contain: 1 person, smiling
စပါးအသင်းသည် တိုက်စစ်မှူး ဟယ်ရီကိန်းအတွက် ကမ်းလှမ်းလာသည့် မည်သည့်အမှာစာကိုမျှ ဆွေးနွေးခြင်းမရှိသလို ဥက္ကဋ္ဌ လက်ဗီက ကိန်း အတွက် ဆက်သွယ်လာသည့် မည်သည့်ဖုန်းကိုမျှ လက်ခံဖြေကြားခြင်းမရှိကြောင်း သိရသည်။ စပါးနှင့် နီးစပ်သူများ၏ သတင်းပေးချက်အရ စပါးအသင်းသည် ကိန်းကို မရောင်းချမည့် ကစား သမားအဖြစ်သတ်မှတ်ထားပြီး ရေရှည်ဆက်ထိန်း နိုင်ရန် စီစဉ်လျက်ရှိသည်။
မန်ယူအသင်းသည် ကိန်းအတွက် ပေါင်သန်း ၁ဝဝ ဖြင့် ကမ်းလှမ်းခဲ့သည်ဟု သတင်းထွက်ခဲ့သေး သော်လည်း ကိန်းကို ကမ်းလှမ်းမှုတိုင်းအတွက် စပါးအသင်းက ငြင်းဆန်မြဲ ငြင်းဆန်နေသဖြင့် ချိတ်ဆက်မှုအားလုံး အေးခဲသွားပြီဖြစ်သည်။ အမည်မဖော်လိုသူ စပါးနှင့် နီးစပ်သူတစ်ဦးက ''ကိန်းအတွက် ဘယ်လို ဆက်သွယ်လာမှုကိုမှ ကျွန်တော်တို့ဘက်က လက်ခံဆွေးနွေးတာမျိုးမရှိပါ ဘူး။ ဒါကြောင့်လည်း ဘယ်အသင်းကမှ တေ့တေ့ ဆိုင်ဆိုင် ချိတ်ဆက်မှုတွေ ဆက်မလုပ်နိုင်ဘူးပေါ့။ ကိန်းဟာ အသင်းရဲ့ အရောင်းစာရင်းမှာ မပါတဲ့ ကစားသမားဖြစ်သလို ဘယ်လောက်ကြေးရရ ရောင်းမှာ မဟုတ်ပါဘူး'' ဟု သတင်းပေးခဲ့သည်။
စပါးအသင်းမှာ ကွင်းသစ်တည်ဆောက်နေ သော်လည်း ဘဏ္ဍာရေးအင်အားတောင့်တင်း သဖြင့် ငွေကြေးလိုအပ်မှုမရှိရာ အသင်း၏ အဓိက ကစားသမားများကို ဆက်ထိန်းရန် ကြိုးပမ်းမည်ဖြစ်သည်။ မန်ယူနှင့် အခြား ဥရောပအသင်းကြီးများက ချိတ်ဆက်မှု များရှိနေချိန်မှာပင် ကိန်းကိုယ်တိုင်က စပါးအသင်းတွင် မပျော်မရွှင်ဖြစ်နေတဲ့ စကား မည်သည့်အခါကမျှ ပြေကြား ခြင်းမျိုး မတွေ့ခဲ့ရပေ။ ကိန်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက စပါးအသင်းနှင့် ငါးနှစ်ခွဲစာချုပ် သစ်ကို ထပ်မံချုပ်ဆိုကာ အနာဂတ် အတွက် သေချာမှုမရှိတော့ဟူသည့် ကောလာဟလများကို ချုပ်ငြိမ်း စေခဲ့သည်။
မေလဲ့သင်း

No comments:

Post a Comment