Wednesday, June 28, 2017

လူ ၂၁ ဦးတင်စက်လှေ စစ်တွေမှရသေ့တောင်အသွား နစ်မြုပ်

Image may contain: people sitting, ocean, outdoor, water and nature
စစ်တွေ ဇွန် ၂၇
စစ်တွေမြို့နယ် ပါဒလိတ်ဆိပ်ကမ်းမှ ရသေ့တောင်မြို့နယ် မိုးစဲကျွန်း ဇီး ကိုင်းကျေးရွာဘက်သို့သွားသည့် ခရီး သည်တင် စက်လှေတစ်စင်း ဇွန် ၂၇ ရက် နံနက် ၁ဝ နာရီ ၄၅ မိနစ်ခန့်တွင် နစ်မြုပ်မှုဖြစ်ပွားခဲ့သည်။
ရသေ့တောင်မြို့နယ် ညောင်ပင် လယ်ကျေးရွာနေ ဦးမောင်သာကျော် သည် စစ်တွေမြို့နယ် ပါဒလိပ် ကျေးရွာဆိပ်ကမ်းမှ ရသေ့တောင်မြို့ နယ် မိုးစဲကျွန်း ဇီးကိုင်းကျေးရွာဘက် သို့ ခရီးသည် ၂၁ ဦး တင်ဆောင် မောင်းနှင်လာစဉ် ဇီးကိုင်းကျေးရွာ ဆိပ်ကမ်းအနီးအရောက်တွင် လှိုင်း နှင့် လေပြင်းတိုက်ခတ်မှုကြောင့် နစ်မြုပ် ခဲ့ကြောင်း သိရသည်။ စက်လှေနစ်မြုပ် မှုကြောင့် ခရီးသည် ၂ဝ ကို မြစ် အတွင်း သွားလာနေသည့် စက်လှေ များနှင့် ဆိပ်ကမ်းအနီးရှိလူများက ဝိုင်းဝန်းကယ်တင်နိုင်ခဲ့ပြီး အမျိုးသမီး နှစ်ဦးနှင့် ကလေးတစ်ဦးအား စစ်တွေ မြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ထားရကာ မျောပါသွားသူ စိုးသီဟ(၂၃)နှစ်ခန့် (ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ မြို့)မှ ရသေ့တောင်မြို့နယ် ရန်အောင် ပြင်ကျေးရွာတွင် လာရောက်အလုပ် လုပ်ကိုင်နေသူဖြစ်ကြောင်း သိရ သည်။
ပျောက်ဆုံးနေသူ စိုးသီဟအား ပြန်လည်တွေ့ရှိနိုင်ရေး စစ်တွေမြို့ နယ်နှင့် ရသေ့တောင်မြို့နယ်မှ အုပ်ချုပ် ရေးမှူးများနှင့် မြို့နယ်မီးသတ်တပ် ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များက ရှာဖွေ လျက်ရှိကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)

No comments:

Post a Comment