Wednesday, June 28, 2017

ဘာစီလိုနာအသင်းကမ်းလှမ်းမှုကို စောင့်မျှော်ရင်း ငြီးငွေ့နေပြီဖြစ်တဲ့မာရက်ဇ် အာဆင်နယ်ကို ပြောင်းရွှေ့ရန် နီးစပ်လာနေ

Image may contain: 1 person, smiling, outdoor
လက်စတာတောင်ပံတိုက်စစ်မှူး မာရက်ဇ်မှာ ဘာစီလိုနာသို့ ပြောင်းရွှေ့ ရန် စိတ်ပိုင်းဖြတ်ထားသော်လည်း ဘာစီလိုနာ၏ ကမ်းလှမ်းမှုကို စောင့်စားနေရသည်ကို ငြီးငွေ့နေပြီဖြစ်သဖြင့် အာဆင်နယ်သို့သာ ပေါင် ၃၅ သန်းဖြင့် ပြောင်းရွှေ့ရန် နီးစပ်လာပြီဖြစ်သည်။
မာရက်ဇ်မှာ လက်စတာအသင်းမှ ထွက်ခွာရန် ရာသီမကုန်ခင်က ပင် တောင်းဆိုထားသည့်ကစားသမားဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ပုံမှန်ရရှိသည့် အသင်းတစ်ခုဆီသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေသလို အထူးသဖြင့် ဘာစီလိုနာကစားသမားဖြစ်ရေး တောက်လျှောက် စိတ်ကူးနေခဲ့သူဖြစ်သည်။ သို့သော် ဘာစီလိုနာအသင်းတွင် သူ့ထက် ဦးစားပေးပစ်မှတ် ကစားသမားများရှိနေပြီး ပီအက်စ်ဂျီကွင်းလယ်လူ ဗာရက်တီနှင့် အာဆင်နယ်နောက်ခံလူ ဘယ်လာရင်တို့ကို ခေါ်ယူရန် ချဉ်းကပ်နေရာ မာရက်ဇ်မှာ ဘာစီလိုနာအသင်းကမ်းလှမ်းမှုအပေါ် စိတ်ပျက်လာခြင်းဖြစ်သည်။
စပိန်အားကစားစာစောင်တစ်ခုက မာရက်ဇ်နှင့် ပတ်သက်ပြီး ''စောင့်စားရတာကို လက်လျှော့လိုက်ပါပြီ''ဟု ရေးသားခဲ့ပြီး ဘာစီလိုနာ ၏ အပြောင်းအရွှေ့မှာ စားပွဲပေါ်တွင်သာရှိနေသော်လည်း အာဆင်နယ် က လေးနှစ်စာချုပ်ဖြင့် ကမ်းလှမ်းခဲ့ပြီးဖြစ်သည်ဟု ဖော်ပြခဲ့သည်။
အသက်(၂၆)နှစ်အရွယ် မာရက်ဇ်ကို အာဆင်နယ်အသင်းက ပြီးခဲ့သည့်နွေဈေးကွက်အတွင်း ချိတ်ဆက်ခဲ့သေးပြီး လီဗာပူး၊ ချယ်လ်ဆီး တို့ကလည်း အပြိုင်ကမ်းလှမ်းမှုရှိခဲ့သည်။ မာရက်ဇ်မှာ ပရီမီယာလိဂ် အသင်းများတွင် အာဆင်နယ်သို့ပြောင်းရွှေ့ရန် စိတ်ဝင်စားမှုပိုသော် လည်း ကမ္ဘာ့ထိပ်တန်းကလပ် ဘာစီလိုနာသို့ ပြောင်းရွှေ့ခွင့်ရရန်အတွက် အာဆင်နယ်၏ ကမ်းလှမ်းမှုကို လျစ်လျူရှုခဲ့ခြင်းဖြစ်သည်။ မာရက်ဇ်ကို ဘာစီလိုအသင်းက စိတ်ဝင်စားမှုရှိသည့် သဘောကိုပြသခဲ့သော်လည်း ရရှိရန် ကြိုးပမ်းမှုအပိုင်းတွင် တိတိပပ လှုပ်ရှားမှုမရှိခဲ့ခြင်းဖြစ်သည်။
သို့သော် ရာသီမကုန်ဆုံးမီ ပြီးခဲ့သည့်မေလအတွင်း မာရက်ဇ်က ''လက်စတာအသင်းရဲ့ လေးစားမှုနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်နှစ်သက်မှုကို ထည့်မတွက်ဘဲ အမှန်အတိုင်းရိုးရိုးသားသားပြောရရင် ခုချိန်ဟာ အသင်းပြောင်းသင့်ပြီလို့ ကျွန်တော်ထင်ပါတယ်'' ဟု ပြောကြားခဲ့ရာ ယခုနွေဈေးကွက်အတွင်းမှာပင် လက်စတာအသင်းမှ မာရက်ဇ် ထွက်ခွာရန် သေချာနေပြီဖြစ်သည်။
မေလဲ့သင်း

No comments:

Post a Comment