Thursday, June 29, 2017

ရီးယဲလ်မက်ဒရစ်အသင်းတွင် မက်ပီအတွက် ပုံမှန်ပွဲထွက်ခွင့်နေရာခက်ခဲမည်ဟု ရီးယဲလ်ဥက္ကဋ္ဌကြီး ပီရက်ဇ်ဆို

Image may contain: 1 person, outdoor
ချန်ပီယံလိဂ်ဖလားနှစ်နှစ်ဆက်တိုက်ဆွတ်ခူးခဲ့သည့် ရီးယဲလ်မက်ဒရစ်အနေဖြင့် (၁၈)နှစ် သားလေး မက်ပီကို စိတ်ဝင်စားမှုရှိနေသော်လည်း ပုံမှန်ပွဲထွက်ခွင့်ရရှိမည်ဟူသော အာမခံချက် မျိုးပေးနိုင်မည်မဟုတ်ကြောင်း ရီးယဲလ်ဥက္ကဋ္ဌကြီး ပီရက်ဇ်က ပြောကြားခဲ့သည်။ ပီရက်ဇ်က ဇီဒန်းမှာ မက်ပီကို ရီးယဲလ်သို့ ခေါ်ယူရန် စိတ်ဝင်စားမှုရှိသော်လည်း ရီးယဲလ်တွင် မက်ပီအတွက် နေရာရှာဖွေရန် ခဲယဉ်းမည်ဖြစ်ကြောင်း ဆိုခဲ့သည်။
မက်ပီကို ဥရောပအသင်းကြီးများက ခေါ်ယူနိုင်ရန် အပြိုင်အဆိုင်ကြိုးပမ်းနေပြီး ပီအက်စ်ဂျီအသင်းက ပြီးခဲ့သည့်ရက်ပိုင်းကပင် ယူရို ၁၃၅ သန်းဖြင့် ကမ်းလှမ်းခဲ့သေးသည်။ ရီးယဲလ်အသင်းသည် ယခုနှစ်နွေဈေးကွက်အတွင်း ဘီဘီစီတိုက်စစ်အတွဲ ဘေးလ်-ဘင်ဇီမာ- စီရိုနယ်လ်ဒိုတို့ထဲမှ တစ်ဦးကို ထုတ်ရောင်းပြီး မက်ပီကို ပြန်လည်ဝယ်ယူမည်ဟု သတင်းများ ထွက်နေသည်။ ဥက္ကဋ္ဌကြီး ပီရက်ဇ်က မက်ပီ၏ ခြေစွမ်းကိုသဘောကျနှစ်ခြိုက်သော်လည်း အပြောင်းအရွှေ့မှာ ထင်သလောက်မလွယ်ဟု ယူဆထားသည်။
မက်ပီကိစ္စနှင့်ပတ်သက်၍ ပီရက်ဇ်က'' မက်ပီက အတော်ကောင်းတဲ့ ကစားသမားလေးပါ။ ဒီအပြောင်းအရွှေ့က ပြီးခဲ့တဲ့နှစ် ပေါ့ဘာရဲ့ ကိစ္စရပ်ကို ပြန်သတိရသွားစေပါတယ်။ အသက်(၁၈)နှစ်အရွယ်နဲ့ ရီးယဲလ်အတွက် ကစားခွင့်ရသူဆိုတာ သိပ်မရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့ စိတ်ရှည်ရပါမယ်။ ဇီဒန်းရဲ့ စိတ်ထဲမှာတော့ သူ(မက်ပီ) ရှိပါတယ်'' ဟု မှတ်ချက်ပြုခဲ့သည်။
ပီရက်ဇ်က စီရိုနယ်လ်ဒိုမှာ အခွန်ကိစ္စစွပ်စွဲခံရမှုအတွက် ဒေါသထွက်နေသော်လည်း ရီးယဲလ်တွင် ဆက်နေမည်ဟု မျှော်လင့်ကြောင်း ဆိုခဲ့သေးသည်။ ရီးယဲလ်နည်းပြ ဇီဒန်းကလည်း မန်ယူအသင်းမှ တောက်လျှောက်ချိတ်ဆက်နေသည့် ဂါရတ်ဘေးလ်မှာ ရောင်းချမည့် ကစားသမားမဟုတ်ဟု ဆိုထားပြီး ဘင်ဇီမာကိုလည်း ပုံမှန်ပွဲထွက်ကစားခွင့် ပေးထားသောကြောင့် မည်သူကို ထုတ်ရောင်းမည်လဲဆိုသည်မှာ စဉ်းစားရကျပ်သည့်အနေအထားပင်ဖြစ်သည်။
မေလဲ့သင်း

No comments:

Post a Comment