နေပြည်တော် ဇွန် ၂၆
ယနေ့ ကျရောက်သည့် အကြိမ် (၃ဝ) မြောက် အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့တွင် တိုင်းဒေသကြီး/ ပြည်နယ်များမှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများအား မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားများကို ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ် ဒဂုံဧရာယာဉ်ရပ်နားစခန်း၊ မန္တလေးတိုင်းဒေသကြီး အောင်မြေ သာစံမြို့နယ် ရွှေမန်းတောင် အားကစားကွင်းနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ အဝေရာကုန်းသာယာ မီးပုံးပျံကွင်း တို့၌ တစ်ပြိုင်တည်းကျင်းပသည်။
အဆိုပါ အခမ်းအနားများတွင် မူးယစ်ဆေးဝါးများဖြစ်သည့် ဘိန်း ၁၃၂၃ ဒသမ ဝ၃၄၃ ကီလို၊ ဘိန်းဖြူ ၇၂၅ ဒသမ ၁၉၄၈ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၃၁၂၈၁၂၉ဝ ပြား၊ ဘိန်းဆီခဲ ၅၆ ဒသမ ၃၄၄၇ ကီလို၊ ဆေးခြောက် ၂၂၈ ဒသမ ၆၇၉၅ ကီလို၊ အိုက်စ် ၁၈၆၂ ဒသမ ၆၇၈၃ ကီလို၊ စိတ်ကြွဆေးပြားအမှုန့် ၄၅ ဒသမ ဝ၁၄၉ ကီလို၊ အဆင့်နိမ့်ဘိန်း ၂ဝ ဒသမ ၃၇၃၁ ကီလို၊ ဘိန်းညိုမှုန့် ၁ဝဝ၉ ဒသမ ၁၈ဝ၉ ကီလို၊ ကိုကင်း ၄၄၉ ဒသမ ၈၇၅ ကီလို၊ ဘိန်းစာမှုန့် ၁၈၃၄ ဒသမ ၈၅၈၆ ကီလို၊ ဘိန်း စာရွက် သုည ဒသမ ဝ၈၉၁ ကီလို၊ ဘိန်းစာရည် သုည ဒသမ ၁၇၁၂ လစ်တာ၊ ဘိန်းဆီရည် သုည ဒသမ ၇၉၈ လစ်တာ၊ ဘိန်းရည် ၇၉၆ ဒသမ ၈၁၉၇ လစ်တာ၊ ဘိန်းဖြူရည် သုည ဒသမ ဝ၅ဝ၅ လစ်တာ၊ စိတ်ကြွ ဆေးရည် သုည ဒသမ ၁၅၃ လစ်တာ၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကတ်တမင်း ၁၅၈၆ ဒသမ ၂၅၂၂ ကီလို၊ မက်သဒုန်းဆေးရည် သုည ဒသမ ၄ဝ၁ လစ်တာ၊ အက်တက်စီ ၂၉ ပြား၊ Phensedyl ၅၇၅ ပြား၊ ထရာမဒေါလ် ၅၈၈ တောင့်၊ ထရာမ ဒေါလ်ထိုးဆေး ၁၇၁ ပုလင်း၊ ဗျူပရီ နော်ဖင်းထိုးဆေး ၄၇၇၉ ပုလင်း၊ အယ်ပရာဇိုလမ်ဆေးပြား ၆၄၄၈ ပြား၊ ဒိုင်ယာဇီပမ်ဆေးပြား ၃၅၉၁၄၆ ပြား၊ ဒိုင်ယာဇီပမ်ထိုးဆေး ၇၉၈ ပုလင်း၊ လိုရာဇီပမ်ဆေးပြား ၃၁၆ ပြား၊ Fentanyl ထိုးဆေး ၆၉၇ ပုလင်း၊ စိတ်ပြောင်းဆေးဝါး ၆၆၂ဝ ဒသမ ၅ ပြား၊ ကိုဒင်းချောင်းဆိုးဆေး ၉ ပုလင်း နှင့် ထိန်းချုပ်ဆေးဝါး ၇ဝ၆ဝ၃ ပြား၊ ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် ဆူဒိုအက်ဖီဒရင်းဆေးပြား ၅၇၆၇၄၂ ပြား၊ ဆူဒိုအက်ဖီဒရင်းအမှုန့် ၄၉ ဒသမ ၉၉၅ ကီလို၊ အက်ဖီဒရင်း သုည ဒသမ ဝ၈၉၉ ကီလို၊ ကဖင်း ၇၆၆ဝ ဒသမ ၉၄၁၇ ကီလို၊ ဟိုက်ဒရို ကလိုရစ်အက်ဆစ် ၁၇၉၉ ဒသမ၂၆ လစ်တာ၊ ဆာလဖြူရစ်အက်ဆစ် ၂ဝ၃၆ ဒသမ ၆၈၁၅ လစ်တာ၊ အီသိုင်းအီသာ ၁၂ဝ၂ ဒသမ ဝ၂ လစ်တာ၊ မူးယစ်ဆေးဝါးထုတ်လုပ် ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်း များဖြစ်သည့် ကရိုလိုဖောင်း ၅၂၃၂ ဒသမ ၅ လစ်တာ၊ အက်ဆစ်အရည် ၃ဝဝဝ လစ်တာ၊ အရက်ပြန် ၂၉ ဒသမ ၉၈ လစ်တာ၊ အရိုးမီးသွေး ၃ဝ၂၄ ဒသမ ၉၉၈ ကီလို၊ Boron Nitride ၆၇ ဒသမ ၅ ကီလို၊ ကော့စတစ်ဆိုဒါ ၃၉ ဒသမ ၉၉၈ ကီလိုနှင့် ဘိန်းမျိုးစေ့ ၃၈ ဒသမ ဝဝ၁၄ ကီလိုတို့ကို ဖျက်ဆီးနိုင်ခဲ့ပြီး ၄င်းမူးယစ်ဆေးဝါးများနှင့် ဓာတု ပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ မြန်မာငွေကျပ် ၅၂၃၆၉၈ ဒသမ ၂၈ သန်းကျော် (အမေရိကန်ဒေါ်လာ ၃၈၅ ဒသမ ဝ၇ သန်းကျော်)ဖြစ် ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment