Wednesday, June 28, 2017

ရေလှောင်တမံများကြံ့ခိုင်ရေးအတွက်ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

Image may contain: one or more people, people standing, sky, ocean, cloud, beach, outdoor, nature and water
ပဲခူး ဇွန် ၂၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မိုးရာသီအတွင်း ရေကြီးနစ်မြုပ်မှု လျော့ပါးသက်သာစေရေးနှင့် ရေဘေးအန္တရာယ်မှ ကာကွယ် နိုင်ရေးတို့အတွက် ရေနုတ်မြောင်းတူးဖော်ခြင်း၊ ရေဘေးကာကွယ်ရေးတာများ ထိန်းသိမ်းပြုပြင်တည်ဆောက်ခြင်း၊ ရေလှောင်တမံ/ရေတံခါးများ ကြံ့ခိုင်မှုရှိ စေရေးအတွက် ပုံမှန်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဗိုလ်သည် ဦးစီးအရာရှိ ဦးဇော်မျိုးနိုင်နှင့်အတူ ပဲခူးခရိုင် ပဲခူးမြို့နယ် မဇင်းရေလှောင်တမံနှင့် ဇလက်ထော်ရေလှောင်တမံများသို့ ဇွန် ၂၆ ရက် မွန်းလွဲပိုင်းက သွားရောက်ပြီး ရေလှောင်တမံ၊ ရေထုတ်ပြွန်၊ ရေပိုလွှဲ၊ မိုးရေချိန်စခန်းများကို အသေးစိတ်ကြည့်ရှုပြီး တမံအတွင်းရေဝင်ရောက်မှု အခြေအနေ၊ မိုးရာသီတမံကြံ့ခိုင်ရေး ပုံမှန်ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
ထို့နောက် ညွှန်ကြားရေးမှူးသည် ဆည်ဝန်ထမ်းများအား တွေ့ဆုံပြီး မိုး ရာသီတမံထိန်းသိမ်းခြင်းဆိုင်ရာလုပ်ငန်းများနှင့် ရေမှတ်၊ မိုးရေချိန်တိုင်းတာ ပေးပို့ခြင်းများအား စေ့စပ်သေချာစွာဆောင်ရွက်ရန်၊ မိမိဝန်ထမ်းများ၏ စွမ်း ဆောင်ရည်အားကို ဒေသမှအသိအမှတ်ပြု အားကိုးခြင်းဖြင့် ဆည်မြောင်းဌာန၏ ဂုဏ်ကို မြှင့်တင်ကြရန် မှာကြားပြီး ဝန်ထမ်းများ၏ကျန်းမာရေးနှင့်ပတ်သက်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးနှင့် အဖွဲ့သည် ဇလက်ထော်ရေလှောင်တမံ ၏ အထက်ပိုင်း ရော်ဘာစိုက်ခြံများအတွင်းရှိ ပဲခူးမြို့နယ် ချမ်းသာကွင်းကျေးရွာ အမှတ်(၁၁) ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းသို့ သွားရောက် ပြီး ညွှန်ကြားရေးမှူးဦးဝင်းဗိုလ်နှင့်ဇနီး ဒေါ်ပိုပိုဦး မိသားစုက ကျောင်းထိုင် ဆရာတော်အား သင်္ကန်းဆက်ကပ်ပြီး ဆရာမ ငါးဦး၊ ကျောင်းသား ကျောင်းသူ ၁၆၈ ဦးတို့အတွက် ကျောင်းသုံးဗလာစာအုပ်များ၊ ခဲတံ၊ ဘော့ပင် စာရေး ကိရိယာများ၊ ပဲနို့နှင့် မုန့်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သူရအောင် (ပြည်)

No comments:

Post a Comment