မွန်ပြည်နယ် သထုံခရိုင်တွင် ခြင်မှတစ်ဆင့်ရောဂါမပြန့်ပွားရေး ကာကွယ်ရေးအဖွဲ့မှ သထုံခရိုင်အတွင်းရှိ မြို့နယ် လေးမြို့နယ်အတွင်းရှိ ရွှေ့
ပြောင်းလုပ်သားများအား ဆေးစိမ်ခြင်ထောင်များကို အခမဲ့လိုက်လံဖြန့်
ဝေပေးလျက်ရှိကြောင်း သိရသည်။

''ကျွန်တော်တို့ဆီမှာက ခြင်ကြောင့်ဖြစ်တဲ့ ငှက်ဖျားလိုရောဂါမျိုး တွေ ဖြစ်တဲ့နှုန်းက တော်တော်ကျသွားပြီ။ ရွှေ့ပြောင်းလုပ်သားတွေဆိုတာ က ဒေသအနှံ့သွားလာနေတဲ့သူတွေ ဖြစ်တဲ့အတွက် သူတို့ဆီမှာ ရောဂါ တွေ ရှိ-မရှိဆိုတာ သိဖို့ခက်တယ်။ကျေးလက် ကျန်းမာရေးဌာနတွေက အလျဉ်းသင့်သလို စစ်ဆေးပေးတာ မျိုးရှိပေမယ့် အားလုံးကို မလွှမ်းခြုံနိုင် ဘူး။ ဒါကြောင့် ကြိုတင်ကာကွယ် တဲ့အနေနဲ့ ဆေးစိမ်ခြင်ထောင်တွေ ဖြန့်ဝေပေးတာပါ'' ဟု သထုံခရိုင် ခြင်မှတစ်ဆင့် ရောဂါမပြန့်ပွား ရေး ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ စည်သူဟိန်းက ပြောသည်။
ယခင်က မိသားစုတစ်စုလျှင် ခြင်ထောင်တစ်လုံးသာ ဖြန့်ဝေပေးနိုင်
သော်လည်း ယခုနှစ်တွင် လူတစ်ဦးလျှင် တစ်လုံးနှုန်း ဖြန့်ဝေပေးကြောင်း
ခြင်မှတစ်ဆင့် ဆင်ခြေထောက်ရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ ဇီကာ၊ ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါစသည့်
ကူးစက်ရောဂါများ ဖြစ်ပွားနိုင်ပြီး ယင်းရောဂါများ မဖြစ်ပွားစေရေး အတွက် ခြင်ကိုက်မခံရအောင် အိပ်သည့်အချိန်တိုင်း ခြင်ထောင်ထောင်
၍အိပ်ခြင်း၊ အလုပ်လုပ်ပါက အင်္ကျီလက်ရှည်နှင့် ဘောင်းဘီရှည်ဝတ် ခြင်း၊ ခြင်ပေါက်ပွားမှုမရှိစေရန် မိမိဝန်းကျင် သန့်ရှင်းရေးနှင့် ရေစီးရေ
လာ ကောင်းမွန်အောင် ဆောင်ရွက်ခြင်း စသည်တို့ကို ဂရုပြုဆောင်ရွက် ရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ဆေးစိမ်ခြင်ထောင်များအား ရွှေ့ပြောင်းလုပ်သားများထံသို့ မေလ ဒုတိယပတ်မှ စတင်ကာ ၎င်းတို့နေထိုင်ရာ လုပ်ငန်းခွင်နှင့် နေအိမ်များအထိ လိုက်လံ ဖြန့်ဝေပေးနေပြီး ကျိုက်ထိုမြို့နယ်ရှိ ရွှေ့ပြောင်းလုပ်သားများအတွက် အလုံး ၂ဝဝဝဝ၊ ဘီးလင်းမြို့နယ် အတွက် ၁၂၂၄၁ လုံး၊ သထုံမြို့နယ်အတွက် အလုံး ၃၉ဝဝဝ၊ ပေါင်မြို့နယ်အတွက်အလုံး ၂၃၆ဝဝ စုစုပေါင်း ဆေးစိမ်ခြင်ထောင် ၉၄၈၄၁ လုံးကို အခမဲ့ လိုက်လံဖြန့်ဝေပေးမည်ဖြစ်ကြောင်း သိရသည်။

သက်ဦး(သထုံ)
No comments:
Post a Comment