Thursday, June 1, 2017

အာဆီယံတက္ကသိုလ်များဆိုင်ရာ အားကစားပွဲ ကျင်းပမည်

Image may contain: 9 people, people smiling, people standing and indoor
ရန်ကုန် မေ ၃၁
၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလတွင် (၁၉) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ ဆိုင်ရာ အားကစားပွဲကို မြန်မာနိုင်ငံ၌ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပနိုင်ရန်အတွက် အာဆီယံတက္ကသိုလ်များဆိုင်ရာ အားကစားကောင်စီနှင့် မြန်မာတက္ကသိုလ်များဆိုင်ရာ အားကစား အဖွဲ့ချုပ်တို့အကြား ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ်ဝင်းရှိ စိန်ရတုခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး တက်ရောက်၍ နှုတ်ခွန်း ဆက်အဖွင့်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် တက္ကသိုလ်များဆိုင်ရာ အားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံတွင် မကျင်းပနိုင်ခဲ့သည်မှာ နှစ်ပေါင်း အတန်ကြာရှိခဲ့ပြီဖြစ်ကြောင်း၊ ယခု လာမည့် ၂ဝ၁၈ ခုနှစ်တွင် အိမ်ရှင် နိုင်ငံအဖြစ် တက္ကသိုလ်များဆိုင်ရာ (၁၉)ကြိမ်မြောက် အားကစားနည်းအလိုက် ပြိုင်ပွဲများကို စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း၊ မိမိနိုင်ငံတွင် တက္ကသိုလ်အားကစားပြိုင်ပွဲများကို ကျောင်းသား ကျောင်းသူများ သာမက ပြည်သူများပါ ပူးပေါင်းပါဝင် ကြည့်ရှုနိုင်ရန်အတွက် ရာသီဥတု အချိန်အခါသင့်သော ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလကို ရွေးချယ်သတ်မှတ်ထားပြီး မိမိတို့၏ ရိုးရာယဉ်ကျေးမှု နှင့်အညီ လှေလှော်အားကစားပြိုင်ပွဲ များကိုလည်း ထည့်သွင်းကျင်းပသွား မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အာဆီယံတက္ကသိုလ်များ ဆိုင်ရာ အားကစားနည်းစနစ်များ၏ စည်းမျဉ်းစည်းကမ်း ဥပဒေများနှင့် ပတ်သက်၍ ပါဝင်ဆွေးနွေးကြရန် ရန်ကုန်အဝေးသင်တက္ကသိုလ် ဓာတု ဗေဒဌာန ပါမောက္ခ(ဌာနမှူး)ဒေါက်တာ သဇင်လွင်က ကြေညာရာ အာဆီယံ တက္ကသိုလ်များဆိုင်ရာဥက္ကဋ္ဌနှင့် တာဝန် ရှိသူများ၊ စင်ကာပူတက္ကသိုလ်များ ဆိုင်ရာ အားကစားကော်မတီမှ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တက္ကသိုလ်များဆိုင်ရာ အားကစားအဖွဲ့ မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အားကစားဝန်ကြီးဌာနနှင့် တက္ကသိုလ် များဆိုင်ရာ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာ လှတင့်တို့က အားကစားနည်းစနစ် အလိုက် ဆွေးနွေးညှိနှိုင်းဆောင်ရွက် ကြသည်။
အဆိုပါ ၂ဝ၁၈ ခုနှစ် အာဆီယံ တက္ကသိုလ်များဆိုင်ရာ (၁၉)ကြိမ် မြောက် အားကစားပြိုင်ပွဲကို ပြေးခုန်ပစ်၊ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော် ခြင်း၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ရေကူး၊ မြားပစ်၊ စစ်တုရင်၊ ကရာတေးဒို၊ ဗိုဘီနမ်၊ ဝူရှူး၊ ပီတန်း၊ လှေလှော်နှင့် ဂေါက်သီးရိုက်ပြိုင်ပွဲ စသည့် အားကစား နည်း ၁၆ မျိုးတို့ဖြင့် ကျင်းပရန် စီစဉ် ထားကြောင်း အဖွဲ့ချုပ်အတွင်းရေးမှူး ဒေါက်တာလှတင့်က ပြောကြားသည်။
(စောသိန်းဝင်း)

No comments:

Post a Comment