![](https://scontent.frgn3-1.fna.fbcdn.net/v/t31.0-8/s720x720/19243271_1887127004861132_332368960085184224_o.jpg?oh=9597adc3b02e609f79109768b7c32faa&oe=59E4ED24)
ချန်ဒူး ဇွန် ၂၄
တရုတ်နိုင်ငံ စီချွမ်ပြည်နယ်အနောက် တောင်ဘက် ကျေးရွာတစ်ရွာတွင် ဇွန် ၂၄
ရက် နံနက်ပိုင်းက မြေပြိုမှုဖြစ်ပွား ခဲ့ပြီးနောက် ၁၄၁ဦးထက်မနည်းပျောက်
ဆုံးလျက်ရှိပြီး နာရီအနည်းငယ်ကြာ ပြီးနောက် မိသားစုတစ်စုမှ အသက်ရှင်သူ
သုံးဦးအား ကျောက်ပုံများနှင့် ရွှံ့နွံများ ထဲမှ ကယ်ဆယ်နိုင်ခဲ့ကြောင်း
သတင်း များတွင် ဖော်ပြထားသည်။
ခက်ခက်ခဲခဲကယ်ဆယ်ခဲ့သူ သုံးဦး ကို မောက်ရှန်နယ်မြေ ပြည်သူ့ဆေးရုံသို့
ပို့ဆောင်ခဲ့ရာ အသက်အန္တရာယ်စိုးရိမ် ဖွယ်မရှိကြောင်းသိရသည်။ အဆိုပါ
မိသားစုအတွင်းမှ ကလေးငယ်တစ်ဦးမှာ အပျက်အစီးများကြား ဆက်လက်နစ်မြုပ်
ပျောက်ဆုံးလျက်ရှိကြောင်းသိရသည်။
မြေပြိုမှုကြောင့် နေအိမ်
၄၆၄လုံးထက်မနည်းနစ်မြုပ်ခဲ့ကြောင်း သိရသည်။တိဗက်ဒေသရှိ တောင်တစ်လုံး၏
ထိပ်ဆုံး ပိုင်းမှ ပြိုကျခဲ့ခြင်းဖြစ်ပြီး ထိုသို့ ပြိုကျ
ခဲ့ခြင်းကြောင့်
ချန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုရှိချင်းမိုကျေးရွာမှာ မြေကြီးထဲ
နစ်မြုပ်သွားခဲ့သလို အဆိုပါ ဒေသရှိ မြစ်တစ်စင်းမှာလည်း
နှစ်ကီလိုမီတာခန့် ပိတ်ဆို့သွားခဲ့ကြောင်း သိရသည်။ ထို့ အပြင်
လမ်းများမှာလည်း မြေများ ၁၆ဝဝ မီတာခန့် ဖုံးလွှမ်းနစ်မြုပ်သွားခဲ့ကြောင်း
သိရသည်။
အဆိုပါ ဒေသကို သဘာဝဘေး ခံရသည့် အမြင့်ဆုံးအဖြစ်သတ်မှတ်
ထားပြီး ကယ်ဆယ်ရေးသမားသုံးရာ ကျော်နှင့် အသက်ကယ်ကိရိယာများဖြင့်
အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေနေ ကြောင်း စီချွမ်ပြည်နယ်အစိုးရပြောရေး
ဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ မြေပြိုမှု ဖြစ်ပွားခဲ့သည့်
ချန်ဒူးပြည်နယ်မြို့တော်နှင့် ချိတ်ဆက်ထားသည့် အဝေးပြေးလမ်း မ နှင့်
လမ်းများတစ်လျှောက် ကီလိုမီတာ ၄ဝဝ ကျော်အကွာအဝေးအထိ ကယ် ဆယ်ရေးနှင့်
ရှာဖွေမှုများဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။
မြေပြိုမှုကြောင့်
ချင်းမိုကျေးရွာရှိ လျှပ်စစ်ဓာတ်အားပေးစနစ်မှာ ပြတ်
တောက်လျက်ရှိကြောင်း၊ သဘာဝဘေး ဖြစ်ပွားရာနေရာများသို့အရေးပေါ် ကယ်
ဆယ်ရေးနှင့် ထောက်ပံ့မှုများပေးပို့ထား ကြောင်း သိရသည်။
ထို့အပြင် သဘာဝဘေးအန္တရာယ် လျော့ပါးစေရန်အတွက် ရန်ပုံငွေယွမ် ငါးသန်းသုံးစွဲခွင့် ပြုထားကြောင်း သိရသည်။
(ရိုက်တာ၊ ဆင်ဟွာ)
(ရိုက်တာ၊ ဆင်ဟွာ)
No comments:
Post a Comment