Wednesday, June 28, 2017

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ဖိလစ်ပိုင်သံအမတ်ကြီးနှင့် နီပေါသံအမတ်ကြီးတို့ ခန့်အပ်လွှာပေးအပ်

Image may contain: 3 people, people sitting, suit and indoor

နေပြည်တော် ဇွန် ၂၇

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘော တူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ အဲဒွါဒို ကပူနန် ဂျူနီယာသည် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ၄င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။
အလားတူ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ မြန်မာနိုင်ငံဆိုင်ရာ နီပေါ ဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ဘင်း ကေ အူးဒက်စ်သည် ယနေ့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် ၄င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ် သည်။
တက်ရောက်
အဆိုပါ သံအမတ်ခန့်အပ်လွှာ ပေးအပ်ပွဲအခမ်းအနားများသို့ နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်တို့ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment