Friday, June 2, 2017

ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ပန်းတောင်းမြို့မရဲစခန်းအချုပ်ခန်းအား ကြည့်ရှုစစ်ဆေး

Image may contain: 1 person, standing
ပန်းတောင်း ဇွန် ၁
ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးမောင်မောင် ရွှေသည် မေ ၂၉ ရက်က ပန်းတောင်း မြို့မရဲစခန်းအချုပ်ခန်းရှိ တရားရုံး စစ်ဆေးဆဲအချုပ်သားများ၊ တရား မစွဲတင်မီ အမှုစုံစမ်းစစ်ဆေးဆဲအချုပ် သားများအား ဥပဒေပါအခွင့်အရေး များရရှိခြင်း ရှိ၊ မရှိ၊ ဥပဒေနှင့်မညီဘဲ မတရားဆောင်ရွက်ထားမှုများရှိ၊မရှိ၊ အချုပ်တရားခံများ၏ နေရာထိုင်ခင်း သက်သာချောင်ချိမှု ရှိ၊မရှိ၊ စား သောက်ရာတွင် အာဟာရသင့်တင့် မျှတမှု ရှိ၊မရှိ၊ ကျန်းမာရေးပြည့်စုံမှု ရှိ၊မရှိ၊ မကျန်းမာပါက ဆေးကုသရန် အခွင့်အရေးရှိ၊ မရှိ၊ အမျိုးသမီးအဖော် အစောင့်အရှောက်ဖြင့် ထားရှိခြင်း ရှိ၊မရှိ၊ ညှဉ်းပန်းနှိပ်စက်မှု ရှိ၊မရှိတို့ကို အချုပ်သားများအား တွေ့ဆုံမေးမြန်း ကာ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားခဲ့သည်။
ဆက်လက်၍ တရားသူကြီးချုပ် သည် ပန်းတောင်းမြို့နယ်တရားရုံး၌ တရားသူကြီးများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ၂ဝ၁၅-၂ဝ၁၇ မဟာဗျူဟာ စီမံကိန်းအရ အမှုများကို ဥပဒေနှင့် အညီ မှန်မှန်နှင့်မြန်မြန် ပြီးပြတ် အောင်ဆောင်ရွက်ရေး၊ လာဘ်ပေး လာဘ်ယူကင်းရှင်းရေး၊ ပြည်သူများ နှင့် ဆက်ဆံရာတွင် နူးညံ့သိမ်မွေ့ စိတ်ရှည်သည်းခံစွာ ဆက်ဆံရေး၊ လုံခြုံရေးကို အလေးထားဆောင်ရွက် ရေး၊ မီးဘေးအန္တရာယ် ကာကွယ် တားဆီးရေးနှင့် ရုံးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရေးတို့ မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။
(မြို့နယ်ပြန်/ဆက်)

No comments:

Post a Comment