စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန အကောက်ခွန်ဦးစီးဌာနနှင့် UNODC-WCOတို့ ပူးပေါင်း ၍ ကုန်သေတ္တာထိန်းချုပ်ရေးယူနစ် (CCU) ဖွင့်ပွဲကို မေ ၃၁ ရက် နံနက် ပိုင်းက ရန်ကုန်မြို့ အလုံမြို့နယ် မြန်မာစက်မှုဆိပ်ကမ်း (MIP)၌ ကျင်းပခဲ့ကြောင်း အကောက်ခွန်ဦးစီး ဌာနမှ သိရသည်။
အကောက်ခွန် ဦးစီးဌာနနှင့် UNODC-WCO တို့ ပူးပေါင်း၍ ကုန်သေတ္တာထိန်းချုပ်ရေးလုပ်ငန်း များကို စနစ်တကျဆောင်ရွက်နိုင်မည် ဖြစ်သည်။
အဆိုပါအခမ်းအနားသို့ အကောက် ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်၊ မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်အဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးဆွေ၊ အကောက်ခွန်နှင့် မူးယစ် တပ်ဖွဲ့တို့မှ သင်တန်းသားများ တက်ရောက်ကြပြီး ကုန်သေတ္တာထိန်း ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြ သည်။
(ဝဝ၁)
No comments:
Post a Comment