ရန်ကုန်မြောက်ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံး အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ ဌာနစုမှူး ဦးဝဏ္ဏဝင်း၊ ကြီးကြပ်ရေးမှူး ဦးအေးကြိုင်တို့သည် ဇွန် ၁ ရက်က (ဌ)ရပ်ကွက် စံပယ်လမ်းမဖြတ်ကျော် ရေမြောင်း ရေစီးဆင်းမှု မြန်ဆန်သွက်လက်စေရန်(လမ်းနှင့်တံတား)ဝန်ထမ်း အင်အား၂ဝ ဖြင့် လုပ်ငန်းဆောင်ရွက်နေသည်ကို တွေ့ရသည်။
''လူနေအိမ်ဝင်းထဲ ရေဝင်ခြင်းမရှိစေရန် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် သွားမှာပါ''ဟု ဌာနစုမှူးက ပြောသည်။
''ဒီလိုဖြစ်တာလည်း ကြာရှည်မဟုတ်ပါဘူး။ မိုးတိတ်ပြီး မကြာမီအချိန်မှာ ရေစီးဆင်းပါတယ်။ ရေတင်နေချိန်မှာ ကိုယ့်အိမ်ရှေ့ ရေမြောင်း ရေစီးရေလာ ကောင်းအောင် ဆောင်ရွက်ထားကြဖို့လည်းလိုပါတယ်''ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
(ထွန်းဝင်း)
No comments:
Post a Comment