Wednesday, June 28, 2017

ပျက်စီးနေသော မြို့လယ်လမ်းမကြီး ပြန်လည်ပြုပြင်ပေးစေလို

Image may contain: sky, plant, tree, cloud, outdoor, nature and water
ထင်သာမြင်သာ ပြုပြင်စရာ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ ပေါက်တိုက်ရပ်ကွက်နှင့် အောင်မေတ္တာရပ်ကွက်အစပ် (ပါဝါစက်သုံးဆီဆိုင်ရှေ့)၊ ပြည်ထောင်စုလမ်းမသည် ရဟန်းရှင်လူပြည်သူများ၊ ဈေးသွား ဈေးပြန် ဈေးသည်များ၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက် ကျောင်းဆင်းသွား လာရာတွင် အဓိကဖြတ်သန်း သွားလာရသော လမ်းဖြစ်သည်။
ယင်းသို့ဖြတ်သန်းသွားလာရာတွင် မော်တော်ယာဉ်၊ ဆိုင် ကယ်၊ သုံးဘီး၊ စက်ဘီးအပြင် လမ်းလျှောက်သွားလာကြသူ များသည် ရွှံ့ချိုင့်ခွက်များပေါ် ဖြတ်သန်းသွားလာရသဖြင့် အဆင်မပြေမှုများ ဖြစ်ကြရသည်။ နယ်စပ်မြို့ဖြစ်သည်နှင့်အညီ အဓိကမြို့လယ် လမ်းမကြီး အချိန်ကြာမြင့်စွာ ပျက်စီးနေသော် လည်း ပြုပြင်ခြင်းမရှိသဖြင့် နှစ်စဉ် မိုးရာသီကာလတွင် သွားလာရေးအဆင်မပြေဖြစ်ကြရသည်။ ဖွံ့ဖြိုးတိုးတက်နေသော နယ်စပ်မြို့အနေဖြင့် မြို့လယ်လမ်းမကြီးပျက်စီးနေမှုကြောင့် မြို့အလှပုံရိပ် ကျဆင်းရပြီး အများပြည်သူအတွက် သွားလာ ရေး အဆင်ပြေချောမွေ့စေရန် သက် ဆိုင်ရာတာဝန်ရှိသူများက ပြုပြင်ပေးရန် ပြည်သူများက လိုလားနေကြကြောင်း သိရ သည်။ (၁၁၈)

No comments:

Post a Comment