စဥ့်ကိုင် ဇွန် ၂၅
တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဆောင်ရွက်နေသည့် စဥ့်ကိုင်မြို့နယ်
ပလိပ်ကျေးရွာအုပ်စု တောင်ကင်းရပ်နှင့် အောင်မြေရပ် ကမ်းပြိုကာကွယ်ရေးကျောက်စီတမံဆောင်ရွက်မှုလုပ်ငန်းအား ဇွန် ၂၃ ရက် နံနက် ၉ နာရီခွဲက ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးတိုးအောင်လင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်း၊ အရည်အသွေးစစ်ဆေးရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆွေ၊ စည်ပင်အမှု ဆောင်အရာရှိ ဦးစိုးအောင်၊ လမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကေဇင်ဝင်းနိုင်နှင့်အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ယင်းကျောက်စီတမံလုပ်ငန်းသည် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဆောင်ရွက်နေခြင်းဖြစ်ပြီး ကျောက်စီတမံမှာ အလျား ပေ ၁၅ဝဝ၊ အနံ ၃၉ ပေ ကျယ်ဝန်းသည်။ အဆိုပါကွင်းဆင်းစစ်ဆေးရေးအဖွဲ့ သည် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်း များကို အသေးစိတ်စစ်ဆေး၍ အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီစွာ အမြန် ပြီးစီးရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝင်းဝင်းသန်း (မြို့နယ်ပြန်/ဆက်)
No comments:
Post a Comment