Monday, June 26, 2017

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် လိုက်ထရပ်ယာဉ်တိမ်းမှောက် တစ်ဦးသေ၊ ၅ ဦးဒဏ်ရာရ

Image may contain: one or more people, people standing, car and outdoor
နေပြည်တော် ဇွန် ၂၅
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၁၁/၃-၄) အကြား နေပြည်တော်မှ မန္တလေးသို့ ယာဉ်မောင်း နန်းတင် မောင်းနှင်လာသော လိုက်ထရပ်ယာဉ်မှာ ယနေ့ညနေ ၄ နာရီခွဲက ရှေ့ယာဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကပ် တုံးကိုတိုက်ကာ တစ်ပတ်လည် တိမ်းမှောက်ခဲ့သည်။
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ ခြောက်ဦးအနက် အမျိုးသမီးတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့သည်။ ဒဏ်ရာရရှိသူများအား သီးကုန်းအမြန် လမ်းရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။
သို့ပါ၍ ယာဉ်ကို မဆင်မခြင်ပေါ့ဆစွာ မောင်းနှင်သူ ယာဉ်မောင်း နန်းတင် အား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
သန်းဦး (လေးမျက်နှာ)
ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့

No comments:

Post a Comment