Wednesday, June 28, 2017

ဒုတိယမြောက်ရင်သွေးလေးကို လွယ်ထားရပြီဖြစ်တဲ့ ဂျန်ဂျီဟွန်း

Image may contain: 1 person, hat and closeup
တောင်ကိုရီးယားရဲ့ နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ ဂျန်ဂျီဟွန်းဟာ လတ်တလောမှာ တော့ ဒုတိယမြောက်ရင်သွေးလေးကို လွယ်ထားရပြီဖြစ်တယ်လို့ ဟန်စင်းနီးမားဒေါ့ကွန်းရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်အတွင်း လက်ထပ်ခဲ့တဲ့ ဂျန်ဂျီဟွန်းဟာ ၂ဝ၁၅ ခုနှစ်အတွင်း ပထမဆုံးသောရင်သွေးလေးကို ဖွားမြင်ခဲ့ကာ လတ်တလောမှာတော့ ဒုတိယမြောက် ရင်သွေးလေးကို ထပ်မံပိုင်ဆိုင်ခွင့်ရခဲ့တာဖြစ်ပြီး လာမယ့်ဖေဖော်ဝါရီလအတွင်း မွေးဖွား ဖို့အတွက် မျှော်မှန်းထားတယ်လို့လည်း သိရပါတယ်။
မကြာသေးမီက ထုတ်လွှင့်ပြသခဲ့တဲ့ ဇာတ်လမ်းတွဲရုပ်ရှင် "The Legend of the Blue Sea" (ပင်လယ်ပြာဒဏ္ဍာရီ)မှာ ဂျန်ဂျီဟွန်းဟာ ရေသူမလေးတစ်ဦးအဖြစ် နာမည် ကျော် မင်းသားတစ်ဦးဖြစ်သူ လီမင်ဟိုနဲ့ တွဲဖက်သရုပ်ဆောင်ထားပြီး ယင်းရုပ်ရှင်ဟာ အာရှတစ်လွှား အထူးအောင်မြင်ခဲ့တဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ခဲ့ပါတယ်။
အေးပြည့်

No comments:

Post a Comment