ကဘူးလ် မေ ၃၁
ကဘူးလ်မြို့လယ်ကောင်တွင် ဗုဒ္ဓဟူးနေ့ က ဖြစ်ပွားခဲ့သည့် အင်အားပြင်းသော ပေါက်ကွဲမှုကြောင့် သေဆုံးသူအရေ အတွက်မှာ ၈ဝ ကျော်သွားပြီဖြစ်ပြီး ဒဏ်ရာရရှိသူ ရာနှင့်ချီ၍ ရှိခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုကြောင့်ထွက်ပေါ်လာ သော အနက်ရောင်မီးခိုးထုကြီးသည် သမ္မတနန်းတော်နှင့် နိုင်ငံခြားသံရုံးများ၏အထက်ကောင်းကင်ယံဆီသို့ ပျံတက် ရောက်ရှိသွားခဲ့သည်။
ကဘူးလ်တွင်ဖြစ်ပွားခဲ့သည့်ပေါက် ကွဲမှုများအနက် လူအသေအပျောက် အများဆုံးဖြစ်သည့် ယင်းပေါက်ကွဲမှုကြီး သည် အစ္စလာမ်ဘာသာဝင်များ၏ဥပုသ် သီလစောင့်ထိန်းသည့် လရာသီဖြစ်သည့် ရာမာဒင်လစတင်ကျရောက်ချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဂျာမန်သံရုံး၏ဝင်ပေါက်အနီးတစ် နေရာတွင်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး သံရုံး ဝန်ထမ်းအချို့နှင့် လုံခြုံရေးအစောင့် တစ်ဦးတို့လည်း သေဆုံးခဲ့ရကြောင်း ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဆစ်ဂမာ ဂက်ဘရီရယ်လ်က တွစ်တာပေါ်၌ ရေးသားဖော်ပြခဲ့သည်။
ကဘူးလ်ရဲတပ်ဖွဲ့မှပြောရေးဆိုခွင့် ရှိသူဘာဆာမူဂျာဟစ်က ဂျာမန်သံရုံး အနီးတွင် ကားဗုံးထောင်ထားခဲ့ခြင်း ကြောင့် ပေါက်ကွဲရခြင်းဖြစ်ကြောင်း၊ သို့သော် ယင်းအဆောက်အအုံအနီးရှိ အခြားသောရုံးဌာနများကိုလည်း ပစ်မှတ် ထားခဲ့ခြင်းဖြစ်ဟန်တူကြောင်း ၄င်းက ရိုက်တာသတင်းဌာနသို့ ပြောကြား ခဲ့သည်။
လတ်တလောတွင်ယင်းပေါက်ကွဲ မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၈ဝ ထက်မနည်းရှိသွားပြီဖြစ်ပြီး ဒဏ်ရာ ရရှိသူ ၃၅ဝကျော်ရှိသွားပြီ ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးအာဏာပိုင် တစ်ဦး က ပြောသည်။
(ရိုက်တာ)
No comments:
Post a Comment