Thursday, June 1, 2017

တိုက်ချင်းပစ်ဒုံးကျည်ကာကွယ်ရေးစနစ်ကို ပထမဆုံးအကြိမ် ပင်တဂွန်စမ်းသပ်အောင်မြင်


ဝါရှင်တန် မေ ၃၁
 
အမေရိကန်တပ်မတော်သည် မြောက်ကို ရီးယားနိုင်ငံ၏ ခြိမ်းခြောက်မှုများကို ခုခံ နိုင်မည့် အစီအစဉ်များအနက် တစ်ခု ဖြစ်သည့် တိုက်ချင်းပစ်ဒုံးကျည်ပစ်ခတ်မှုကိုကာကွယ်နိုင်မည့် ဒုံးကျည်ကာကွယ် ရေးစနစ်တစ်ခုကို ပထမဆုံးအကြိမ်စမ်းသပ်အောင်မြင်ခဲ့သည့်အတွက် အဂ¯နေ့ တွင်အောင်ပွဲခံခဲ့ကြောင်း သိရသည်။
ဒုံးကျည်ကာကွယ်ရေးစနစ်အား စမ်းသပ်ရာတွင် အမေရိကန်တပ်မတော် သည် တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းကို မာရှယ်ကျွန်းပေါ်ရှိ Kwajalein Atoll မှ အလက်စကာ တောင်ပိုင်းရှိပင်လယ် ထဲသို့ဦးစွာ ပစ်ခတ်ခဲ့သည်။ ထိုသို့ ပစ်ခတ် ခဲ့ပြီးနောက် ယင်းလက်နက်အား ကြားဖြတ်သည့်အနေဖြင့် နောက်ထပ် ဒုံးကျည်တစ်စင်းကို ကယ်လီဖိုးနီးယားရှိ ဗန်ဒန်ဘတ်လေတပ် အခြေစိုက်စခန်းမှ ပစ်လွှတ်ခဲ့သည်။
ကျွမ်းကျင်ပညာရှင်များသည် ယင်း စမ်းသပ်မှုကို ကျည်ဆန်တစ်ခုကိုအခြား ကျည်ဆန်တစ်ခုဖြင့် ထိမှန်စေခြင်း ကဲ့သို့ခိုင်းနှိုင်းခဲ့ကြသည်။ များစွာသော အကွာအဝေးကို ထည့်သွင်းတွက်ချက်ထားပြီးရှုပ်ထွေးနက်နဲအောင်ပြုလုပ်ထား ကြောင်း မှတ်ချက်ချခဲ့သည်။
ဒုံးကျည်ကာကွယ်ရေးအေဂျင်စီက ယင်းစမ်းသပ်မှုသည် တိုက်ချင်းပစ် ဒုံးကျည်ကိုခုခံနိုင်မည့် ပထမဆုံးသော ပစ်ခတ်စမ်းသပ်မှုဖြစ်ပြီး အံ့မခန်းအောင် မြင်မှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ သည်။
အောင်မြင်သောစမ်းသပ်မှုတစ်ခုကို အကြွင်းမရှိ အာမခံနိုင်ခဲ့ပြီဖြစ်ပြီး အမေရိကန်အနေဖြင့် မြောက်ကိုရီးယား မှဝင်ရောက်လာမည့်ဒုံးကျည်ကို ပစ်ချ နိုင်မည့် နည်းလမ်းများစွာရှိနေပြီဖြစ် ကြောင်း ဒုံးကျည်ကာကွယ်ရေး အေဂျင်စီက ပြောကြားခဲ့သည်။
(ရိုက်တာ)

No comments:

Post a Comment