Thursday, June 29, 2017

အိုင်ယူနဲ့ ဆူဇီကို ကျေးဇူးတင်လိုက်တဲ့ ကမ်ဆိုးဟွန်

Image may contain: 3 people
လတ်တလောမှာတော့ တောင်ကိုရီးယားရဲ့ နာမည်ကျော် မင်းသားတစ်ဦးဖြစ်တဲ့ ကမ်ဆိုးဟွန်ဟာ သူနဲ့ အခြားသော ကြယ်ပွင့်တွေဖြစ်ကြတဲ့ အိုင်ယူနဲ့ ဆူဇီတို့အကြားက ခင်မင် တဲ့ဆက်ဆံရေးကို သက်သေပြခဲ့ပါတယ်။ ကမ်က သူ့ရဲ့ ရုပ်ရှင်သစ်မှာ ဂီတကြယ်ပွင့် အိုင်ယူနဲ့ တေးသံရှင်အဖြစ် သာမက သရုပ်ဆောင်တစ်ဦးအဖြစ်ပါ အောင်မြင်နေတဲ့ ဆူဇီတို့ကို ပါဝင်သရုပ်ဆောင်ပေးဖို့တောင်းဆိုခဲ့ပြီး ကမ်ရဲ့တောင်းဆိုမှုအောင်မြင်ခဲ့တာကြောင့် သူ့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးကြတဲ့ အိုင်ယူနဲ့ ဆူဇီတို့ကို ကျေးဇူးတင်ရှိ ကြောင်း အင်တာဗျူးတစ်ခုမှာ ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်တယ်လို့ စွန်ပီဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရ ပါတယ်။
ကမ်ဆိုးဟွန်က လတ်တလောမှာ ရိုက်ကူးနေတဲ့ ရုပ်ရှင် ''Real''မှာ ဧည့်သရုပ်ဆောင်တွေအဖြစ် ပါဝင် ပေးကြဖို့ ပုဂ္ဂိုလ်ရေးတောင်းဆိုမှုပြုခဲ့တာဖြစ်ပြီး အိုင်ယူနဲ့ ဆူဇီတို့ကလည်း ကမ်ဆိုးဟွန်ရဲ့ တောင်းဆိုမှုကို လက်ခံ ပေးခဲ့ကာ ကမ်ရဲ့ ရုပ်ရှင်မှာ အခန်းအနည်းငယ်ပါဝင် သရုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီလို နာမည်ကျော်နှစ်ဦးရဲ့ ကူညီပံ့ပိုးပေးမှုနဲ့ ပတ်သက်ပြီး ကမ်ဆိုးဟွန်က ''အစကတော့ ကျွန်တော်က သူတို့ကို ကျွန်တော့်ရုပ်ရှင်မှာ ပါဝင်ပေးဖို့ အချိန်နည်းနည်း ရှိမလားလို့ မေးကြည့်ဖြစ်တာ။ ကျွန်တော်က သူတို့ပေး နိုင်တဲ့ အချိန်အတိအကျကို တောင်းဆိုလိုက်တဲ့အခါမှာ လည်း သူတို့က သဘောတူကြတယ်။ ဒါကြောင့် ကျွန်တော် အနေနဲ့ အိုင်ယူနဲ့ ဆူဇီကို ကျွန်တော်နဲ့အတူပါဝင်ပေးလို့ တကယ်ကို ကျေးဇူးတင်ပါတယ်''လို့ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
''Real''မှာ ဆူဇီပါဝင်ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးလည်း ကမ်ဆိုးဟွန်က ဆူဇီဟာ ရိုက်ကွင်းကို ခြောက်နာရီလောက် စောကာ ရောက်ရှိလာပြီး သူပါဝင်သရုပ်ဆောင်ရမယ့် ဇာတ်ကောင်အတွက် မိတ်ကပ်နဲ့ဖန်တီးထားတဲ့ ယာယီ တက်တူးကို ထိုးခဲ့ရကြောင်း၊ ရိုက်ကူးရေးပြီးဆုံးသွားတဲ့အခါ သူရှိရာကိုရောက်လာကာ ဒီလိုပြင်ဆင်မှုတွေပြုလုပ်ရမှာကို ကြိုတင်ပြောကြားထားခြင်းမရှိတဲ့အတွက် အပြစ်တင်ခဲ့ ကြောင်းနဲ့ ဆူဇီကို တောင်းပန်ခဲ့ရကြောင်း ဖွင့်ဟခဲ့တယ်လို့ သိရပါတယ်။
ကမ်ဆိုးဟွန်ဟာ သူ့ရဲ့ရုပ်ရှင်သစ် ''Real''မှာ မင်းသမီး စူလီနဲ့ အတူတွဲဖက်ကာ ခေါင်းဆောင်အဖြစ် ပါဝင်ထားတာဖြစ်ပြီး ယင်းရုပ်ရှင်ကိုတော့ ဇွန် ၂၈ ရက်မှ စတင်ပြီး ထုတ်လွှင့်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment