Thursday, June 29, 2017

လူမှုကွန်ရက်မီဒီယာပေါ် ပြန်လည်တက်လှမ်းလာတဲ့တေလာဆွစ်

Image may contain: 1 person, plant, closeup and outdoor
ပေါ့ပ်စူပါစတား တေလာဆွစ်ဟာ ယခင်က လူမှုကွန်ရက်မီဒီယာအပေါ်မှာ အလွန်အတွေ့ရများတဲ့သူတစ်ဦး ဖြစ်ကာ သူ့ရဲ့လှုပ်ရှားမှုတွေကို ပရိသတ်တွေကို အချိန်နဲ့တစ်ပြေးညီ အသိပေးဖော်ပြလေ့ရှိပေမယ့် ပြီးခဲ့တဲ့နှစ်ကုန် ပိုင်းကစတင်ကာ လူမှုကွန်ရက်မီဒီယာကိုအသုံးပြုတာ တွေ့ရခဲပါတယ်။ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ အေးစက်သွားခဲ့တဲ့ တေလာဆွစ်ဟာ လတ်တလောမှာတော့ ပြန်လည်အသုံးပြုခဲ့တာကိုတွေ့ခဲ့ရကြောင်း ဟောလိဝုဒ်မီဒီယာတွေက ရေးသားဖော်ပြခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်မှာ တေလာဆွစ်က သူ့ရဲ့လူမှုကွန်ရက်မီဒီယာတစ်ခုဖြစ်တဲ့ တွစ်တာစာမျက်နှာကို ပြန်လည်အသုံးပြုခဲ့တာတွေ့ရပါတယ်။ တေလာက ဘတ်စကတ်ဘောကစားသမားတစ်ဦးဖြစ်သူ ရက်စဲလ်ဝက်စ် ဘရွတ်ခ်အတွက် ဗီဒီယိုဖိုင်တစ်ခုကို သူ့ရဲ့တွစ်တာစာမျက်နှာပေါ်မှာဖော်ပြခဲ့တာဖြစ်ပြီး ယင်းဗီဒီယိုမှာတော့ တေလာဆွစ်က ရက်စဲလ်ဝက်စ်ဘရွတ်ခ်အတွက် ဂုဏ်ယူကြောင်း ပြောကြားထားတာကို တွေ့ရပါတယ်။ ရက်စဲလ် ဝက်စ်ဘရွတ်ခ်ဟာ မကြာသေးမီက ကျင်းပခဲ့တဲ့ 2017 NBA Awards ဆုပေးပွဲမှာ တန်ဖိုးအကြီးဆုံးသောပုဂ္ဂိုလ်ဆု ကို ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် တေလာက ဂုဏ်ယူဝမ်းမြောက်ကြောင်း ရေးသားဖော်ပြခဲ့တာဖြစ်တယ်လို့လည်း သိရပါ တယ်။ လတ်တလောဖော်ပြခဲ့တဲ့ တေလာရဲ့ဗီဒီယိုမှာတော့ တေလာဆွစ်ကို တေးဂီတလောကအတွင်း စတင်ဝင်ရောက်လာ ချိန်ကတွေ့မြင်ခဲ့ရတဲ့ပုံစံအတိုင်း ဆံပင်ကောက်ကောက်တွေနဲ့ ပြန်လည်တွေ့မြင်ခဲ့ရတာဖြစ်တယ်လို့လည်း သိရ ပါတယ်။
တေလာဆွစ်ဟာ ပြီးခဲ့တဲ့နှစ်အတွင်းက ''One Direction''အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ ဇေမာလိခ်နဲ့ တွဲဖက်ကာ စုံတွဲတေးသီချင်း ''I Don't Wanna Live Forever''ကို ဖန်တီးခဲ့ပြီး သူ့ရဲ့တေးသီချင်းသစ်တွေနဲ့ လှုပ်ရှားမှုအသစ်တွေကို လတ်တလောအချိန်အထိ ပရိသတ်အရှေ့အရောက်ပို့နိုင်ခြင်းမရှိသေးတာကိုလည်း တွေ့ရပါတယ်။ တေလာဆွစ်ဟာ တေးအယ်လ်ဘမ်သစ်အတွက် ပြင်ဆင်နေကြောင်း ပြောကြားခဲ့တာကြောင့် တကယ်ကိုကြီးကျယ်တဲ့အစီအစဉ်တစ်ခုပြုလုပ်နေတာဖြစ်တဲ့အတွက် တေလာအနေနဲ့ လတ်တလောမှာ ငြိမ်နေတာ ဖြစ်တယ်လို့လည်း ပရိသတ်အချို့က ထင်ကြေးပေးနေကြပါတယ်။ ဒါ့အပြင် တေလာဟာ ချစ်သူသစ်ရနေပြီဖြစ်ကြောင်း ကောလာဟလတွေပေါ်ထွက်နေကာ တေလာနဲ့ လက်တွဲခဲ့သူကတော့ ဗြိတိန်မင်းသားတစ်ဦးဖြစ်သူ ဂျိုးအော်ဝင်န် ဖြစ်ပြီး သူတို့နှစ်ဦးကို ပြီးခဲ့တဲ့လအတွင်းကစတင်ပြီး အတူတွဲတွေ့လာရတာဖြစ်ပါတယ်။
အေးပြည့်

No comments:

Post a Comment