အစ္စလာမ်မာဘတ် ဇွန် ၂၅
ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက
လောင်စာ ဆီတင်ကားတစ်စီး မီးလောင်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၁၂၃ဦး
ထက်မနည်း သေဆုံးပြီး ၁ဝဝ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း
ကယ်ဆယ်ရေးအဖွဲ့အာဏာပိုင် များနှင့် ဆေးရုံသတင်းရင်းမြစ်များအရ သိရသည်။
အခင်းဖြစ်ပွားပုံမှာ လောင်စာဆီတင်ယာဉ်သည် ဘာဟာလ်ဝါပါမြို့အစွန်အဖျားရှိ
အဝေးပြေးလမ်းမပေါ်တွင် ရုတ်တရက်ကွေ့ချလိုက်ချိန်တွင်
ယာဉ်တိမ်းမှောက်သွားခဲ့ရာ ယာဉ်ပေါ်မှဖိတ်ကျလာသော လောင်စာဆီများ
မီးစွဲလောင်ကာပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာအနီးတွင် စုဝေးရောက်ရှိနေသူအားလုံး မီးလောင်ခံခဲ့ရသည်ဟု
ကယ်ဆယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။
ယာဉ်တိမ်းမှောက်သွားချိန်တွင်
အနီးအနားတစ်ဝိုက်ရှိလူများသည်ဖိတ်လျှံနေသော လောင်စာဆီများကို
လာရောက်ခပ်ယူခဲ့ကြသည်။ ထိုသို့ လူများရောက်ရှိနေချိန် တွင် ဆီတင်ယာဉ်
ရုတ်တရက်မီးလောင်ပေါက်ကွဲသွားခဲ့ရာ ရောက်ရှိနေကြသူအားလုံးကို
မီးလောင်ကျွမ်းခဲ့ပြီး အနီးတစ်ဝိုက်နေရာများကိုလည်း
မီးလောင်ကျွမ်းသွားခဲ့ ကြောင်း ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့
ပြောဆိုခွင့်ရှိသူ မာလစ်မိုဟာမက်အာမက်ခန်က ရိုက်တာသို့ ပြောကြားခဲ့သည်။
လူများစွာမီးအကြီးအကျယ် လောင်ကျွမ်းခံခဲ့ရပြီးနောက် အသက်အ္တရာယ်
စိုးရိမ်ရသူများကို ရဟတ်ယာဉ်များဖြင့် ကယ်ဆယ်ခဲ့ပြီး
ဘာဟာလ်ဝါပါနှင့်အနီးအနားရှိ ဆေးရုံများသို့အရေးပေါ်ပို့ဆောင်ခဲ့ရသည်။
ကနဦးသတင်းဖော်ပြမှုများအရ တစ်စုံ တစ်ဦးက စီးကရက်သောက်ရန်မီးညှိခဲ့ရာမှ
လောင်စာဆီမီးလောင်မှုဖြစ်ပွားကာ ဆီတင်ယာဉ်ကို ပေါက်ကွဲစေခဲ့ခြင်းဖြစ်ကြောင်း
ကယ်ဆယ်ရေးအဖွဲ့မှ ပြောဆို ခွင့်ရှိသူ ဂျမ်ဆာဂျစ်ဟူစိန်က
ပြောကြားခဲ့ကြောင်း သိရသည်။
မီးသတ်ကယ်ဆယ်ရေးသမားများသည်
မီးတောက်များကိုအပြီး ငြှိမ်းသတ်နိုင် ရန် နှစ်နာရီကျော်ကြာအောင်
ကြိုးစားခဲ့ရသည်။ ထိခိုက်ဒဏ်ရာရရှိသူများအား ပန်ဂျပ်
ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့အနေဖြင့်လိုအပ်သောဆေးဝါးအကူအညီများအပြည့်အဝပေးအပ်ရန်
ဝန်ကြီးချုပ်ရုံးမှ တိုက်ရိုက်òန်ကြားထားကြောင်း ပြောကြားခဲ့သည်။
ဘာဟာလ်ဝါပါ၌ မတော်တဆဖြစ်ပွားခဲ့သည့် လောင်စာဆီတင်ယာဉ်မီးလောင် မှုအတွင်း
လူ့အသက်ပေါင်းများစွာ ဆုံးရှုံးသွားခဲ့သည့်အတွက် များစွာယူကျုံး
မရဖြစ်မိကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် မိုဟာမက်နာဝပ်ရှာရစ်က
ဖော်ပြခဲ့ သည်။
(ရိုက်တာ)
(ရိုက်တာ)
No comments:
Post a Comment