Wednesday, June 28, 2017

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် မိုးရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ပျိုးပင်ပေါင်းခုနစ်သိန်းကျော်ကို ဖြန့်ဝေ စိုက်ပျိုးသွားမည်

Image may contain: plant and outdoor
မုံရွာ ဇွန် ၂၇
တိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိန်းလမ်းစိုပြည်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့
အစည်းများနှင့်ပြည်သူလူထုသို့ ပျိုးပင်ပေါင်း ၇၅၄၅၈ဝ ကို ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ သိရသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေရန်၊ မြန်မာနိုင်ငံ၏သစ်တောများ ပြန်လည်တည်ထောင်ရေးလုပ်
ငန်းများတွင် ပြည်သူများမှ ပူးပေါင်းပါဝင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် သစ်တောသစ်ပင်များကို ချစ်မြတ်နိုးတတ်စေရန်အတွက် ပျိုးပင်များ ဖြန့်ဝေစိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။
''စစ်ကိုင်းတိုင်းဒေသကြီးရဲ့ သစ်တောဖုံးလွှမ်းမှုက တစ်နိုင်ငံလုံးမှာ ၁ဝ ဒသမ ၈၉ ရာခိုင်နှုန်းရှိတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးထဲမှာ သစ်တောဖုံးလွှမ်းမှုအနေနဲ့ တတိယအများဆုံးမှာရှိပါတယ်။ ထပ်ပြီးလည်း သစ်တော၊ သစ်ပင်တွေ တိုးမြှင့်စိုက်ပျိုးတည်ထောင်နေပါတယ်။ သစ်တော၊
သစ်ပင်တည်ထောင်စိုက်ပျိုးရေးလုပ်ငန်းတွေကို ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်နိုင်ဖို့နဲ့ ကိုယ်တိုင်စိုက်ပျိုးတဲ့အလေ့အကျင့်ကောင်းတွေရဖို့အတွက် လုပ်ဆောင်တာပါ'' ဟု တိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါပျိုးပင် ၇၅၄၅၈ဝ ကို ဆက်သွယ်ရေးလမ်းဝဲ/ယာများတွင် ကျွန်းပင်များစိုက်ပျိုးခြင်းကိုအပင် ၉၂ဝဝဝ ဖြင့်လည်းကောင်း၊ တစ်အိမ်ထောင်
ကျွန်းသုံးပင်စိုက်ပျိုးခြင်းကို အပင် ၄၃၂ဝဝ ဖြင့်လည်းကောင်း၊ တစ်အိမ်ထောင်သစ်မာပင် ၂ဝ စိုက်ပျိုးခြင်းအဖြစ် အပင် ၂၇ဝဝဝ ဖြင့်လည်းကောင်း၊ ကျေးရွာပိုင်တစ်ဧကစိုက်ခင်းစိုက်ပျိုးတည်ထောင်ရန်အတွက် အပင် ၂၈၈ဝဝ ဖြင့်လည်းကောင်း၊ ဌာနဆိုင်ရာများ၊အဖွဲ့အစည်းပိုင်မြေများနှင့် ကျေးရွာပိုင်မြေများတွင်စိုက်ပျိုးခြင်းများပါရှိမည်ဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများသို့ လျာထားချက်၏ သုည ဒသမ ၇၇ ရာခိုင်နှုန်းကို ဖြန့်ဝေပေးပြီးဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment