Wednesday, June 28, 2017

ရေခွန်၊ ရေခပြင်ဆင်ကောက်ခံမှုနှင့်ပတ်သက်၍ ပြည်သူလူထုနှင့် တွေ့ဆုံရှင်းလင်း

Image may contain: 1 person, sitting and indoor
ချမ်းအေးသာစံ ဇွန် ၂၇
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအခွန်ဌာနမှ ရေခွန်၊ ရေခပြင်ဆင်ကောက်ခံမှုနှင့်ပတ်သက်၍ ပြည်သူလူထုနှင့်တွေ့ဆုံရှင်းလင်းပွဲကို ဇွန် ၂၆ ရက် မွန်းလွဲ ၂ နာရီကမန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၆ လမ်းနှင့် ၇၂ လမ်းထောင့်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ
ခြောက်ထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်နှင့် ဦးကျော်ဇောအောင်တို့က ရေခွန်၊ ရေခများပြောင်းလဲကောက်ခံရသည့်အကြောင်းရင်းများကိုလည်းကောင်း၊ ရေနှင့်သန့်ရှင်းမှုဌာနမှူး ဒေါ်ခင်မေဌေးက မန္တလေးမြို့ရေပေးရေးဆိုင်ရာအချက်အလက်များကိုလည်းကောင်း၊ အခွန်ဌာနမှူး ဦးဝင်းမောင်က ရေခွန်ကောက်ခံမှုနှင့်ပတ်သက်၍လည်းကောင်းရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာ
သူများက အကြံပြုဆွေးနွေးချက်များ မေးမြန်းဆွေးနွေးရာမန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် ဌာနမှူးများက ပြန်လည်ရှင်းလင်းဖြေကြားသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ရေပေးဝေရေးတွင် လက်ရှိကောက်ခံနေသော ရေမီတာနှုန်းထားများအား ၂ဝ၁၇ ခုနှစ် (ဧပြီ၊ မေ၊ ဇွန်) အရစ်နှင့်ကျုံးရေပေးရေးတွင် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) အရစ်
မှစတင်ပြီး ပြောင်းလဲကောက်ခံမည့်နှုန်းထားများမှာ ရေမီတာတစ်ယူနစ်ဂါလန် ၂၂ဝ အား ယခင် ၈၅ ကျပ်မှ ၂ဝဝကျပ်သို့လည်းကောင်း၊ စီးပွားရေးသုံး တစ်ယူနစ် ၁၁ဝ ကျပ်မှ၂၆ဝ ကျပ်သို့လည်းကောင်း၊ ပြည်တွင်းလုပ်ငန်းရှင်စက်ရုံအလုပ်ရုံသုံး တစ်ယူနစ် ၄၄ဝ ကျပ်မှ ၆၆ဝ ကျပ်သို့လည်းကောင်း၊ နိုင်ငံခြားလုပ်ငန်းရှင်စက်ရုံသုံး တစ်ယူနစ်ကျပ်၈၈ဝ မှ ၁၁ဝဝ ကျပ်သို့လည်းကောင်း၊ ကျုံးရေပေးရေး၁/၂ လက်မပိုက် တစ်လကျပ် ၁၅ဝဝ မှ ကျပ် ၄ဝဝဝ သို့လည်းကောင်း၊ ၃/၄ လက်မပိုက် တစ်လကျပ် ၂၅ဝဝ မှ ကျပ် ၅ဝဝဝ
သို့လည်းကောင်း၊ တစ်လက်မပိုက် တစ်လကျပ် ၃ဝဝဝမှ ကျပ် ၆ဝဝဝ သို့လည်းကောင်း၊ ၁ ဒသမ ၂၅ လက်မပိုက် တစ်လကျပ် ၅ဝဝဝ မှ ကျပ် ၉ဝဝဝ သို့လည်းကောင်း၊၁ ဒသမ ၅ဝ လက်မပိုက် တစ်လကျပ် ၇၅ဝဝ မှ ၁၂ဝဝဝ
ကျပ်သို့လည်းကောင်း၊ နှစ်လက်မပိုက် တစ်လ ၁၅ဝဝဝ ကျပ်မှ ကျပ် ၂ဝဝဝဝ သို့လည်းကောင်း ပြောင်းလဲကောက်ခံသွားမည်ဖြစ်သည်။ သတ်မှတ်ရက်အတွင်းပေးဆောင်ခြင်းမရှိသော ရေမီတာခွန်၊ ကျုံးရေခများအားကြွေးကျန်အဖြစ်သတ်မှတ်၍ ရက်လွန်ဒဏ်ကြေးများဖြင့် ကောက်ခံသွားမည်ဖြစ်သည်။
မန္တလေးမြို့တော်စည်ပင်သာယာအနေဖြင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ရေဖြန့်ဖြူးခြင်းလုပ်ငန်းအတွက်ကျပ် ၅ ဒသမ ၂၃၆ သန်းကုန်ကျခဲ့သော်လည်း ရေမီတာများနှင့် ကျုံးရေမှကောက်ခံရရှိငွေမှာ ကျပ် ၁ ဒသမ ၅၂၇
သန်းသာရရှိခဲ့သဖြင့် ကျပ် ၃ ဒသမ ၇ဝ၈ သန်း အရှုံးပေါ်ခဲ့ပြီး လျှပ်စစ်မီတာခပေးချေရငွေမှာ ကျပ် ၃ ဒသမ ၂၂၆ သန်းခန့်ရှိကြောင်း သိရသည်။
အခမ်းအနားသို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် ကော်မတီဝင်များ၊ ရေနှင့်သန့်ရှင်းမှုဌာနနှင့် အခွန်ဌာနများမှ ဌာနမှူးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်အုပ်
ချုပ်ရေးမှူးများ၊ သတင်းမီဒီယာများတက် ရောက်ကြသည်။
မောင်ပြည်သူ(မန္တလေး)

No comments:

Post a Comment