မော်စကို ဇွန် ၂၅
အိန္ဒိယကုမ္ပဏီများအား နည်းပညာလွှဲပြောင်းပေးအပ်ရေးနှင့် စစ်ဘက်သုံးစက်မှုထုတ်ကုန်ပစ္စည်းများ ပူးတွဲထုတ်လုပ် ရေးတို့ ပြုလုပ်နိုင်စေရန် ရုရှားကုမ္ပဏီများက အဆိုပြုလွှာများတင်သွင်းရန် အိန္ဒိယကာကွယ်ရေးဝန်ကြီး အာရွန်းဂျိတ်လီက ဖိတ်ခေါ်လိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။
ရုရှားနိုင်ငံ မြို့တော် မော်စကို၌ ကျင်းပသည့် တက္ကနိုပရွမ်-၂ဝ၁၇ ဟု အမည်ပေးထားသော နှီးနှောဖလှယ်ပွဲတွင် အိန္ဒိယကာကွယ်ရေးဝန်ကြီးက အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။
ရုရှားနိုင်ငံ၏ကာကွယ်ရေးနည်းပညာလုပ်ငန်းကုမ္ပဏီကြီးများသည် အိန္ဒိယနိုင်ငံ၌ လုပ်ငန်းအတွေ့အကြုံများစွာ ရရှိထားကြပြီးဖြစ်ကြောင်း၊ အိန္ဒိယကုမ္ပဏီများနှင့် နိုင်ငံခြားကုမ္ပဏီများအကြား ဖက်စပ်လုပ်ငန်းများထူထောင်ရေးကို အလေးပေးရန် မိမိတို့အစိုးရအဖွဲ့က မူဝါဒရေးရာ ပြောင်းလဲမှုများ ပြုလုပ်ထားပြီဖြစ်ရာ ရုရှားကာကွယ်ရေး နည်းပညာ ကုမ္ပဏီများအနေဖြင့် အိန္ဒိယကုမ္ပဏီများနှင့် ဖက်စပ်လုပ်ငန်းများထူထောင်ရန် ဖိတ်ခေါ်ကြောင်း ဝန်ကြီးဂျိတ်လီက ပြောကြားသည်။
ကာကွယ်ရေးဝန်ကြီး ဂျိတ်လီသည် ဇွန် ၂၁ ရက်မှ ၂၃ ရက်အထိ ရုရှားနိုင်ငံ၌ ရှိနေခဲ့သည်။ အိန္ဒိယနိုင်ငံ၌ ဂျက်တိုက်လေယာဉ်များ၊ ရေငုပ်သင်္ဘောများနှင့် တိုက်ပွဲဝင်သံချပ်ကာကားများကဲ့သို့ စစ်ဘက်သုံးယာဉ်များ ထုတ်လုပ် နိုင်ရေးအတွက် ရုရှားနှင့်အိန္ဒိယကုမ္ပဏီများ အစုစပ်ပြုလျက် ဖက်စပ်လုပ်ငန်းများထူထောင်ရန် ¤င်းက တိုက်တွန်းသည်။
ပီတီအိုင်။
No comments:
Post a Comment