Wednesday, June 28, 2017

ပြည်သူကို ဗဟိုပြုသော ရဲလုပ်ငန်းစနစ်(နည်းပြ)သင်တန်းဖွင့်

Image may contain: 1 person
သန်လျင် ဇွန် ၂၇
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ သန်လျင်အဆင့်မြင့်(မွမ်းမံ) လေ့ကျင့် ရေးသင်တန်းကျောင်းတွင် ဇွန် ၂၆ ရက် မွန်းလွဲ ၁ နာရီက ပြည်သူကို ဗဟိုပြုသော ရဲလုပ်ငန်းစနစ်(နည်းပြ) သင်တန်းဖွင့်ပွဲကို ကျင်းပခဲ့သည်။
ဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်က သင် တန်းဖွင့်အမှာစကားပြောကြားခဲ့ သည်။ သင်တန်းဖွင့်ပွဲသို့ ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တိုင်းအကူ တပ်ဖွဲ့မှူးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးများ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးများ၊ သန်လျင်မြို့ နယ် တိုင်းဒေသကြီး(၂) လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိန်၊ ဒုတိယမြို့နယ်တရားသူကြီး ဒေါ်အေး သူဇာနွယ်၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။
(၆၈၉)

No comments:

Post a Comment