Wednesday, June 28, 2017

စရိတ်မျှပေးကျန်းမာရေးစနစ်ဖြင့် ဆေးဝါးများဝယ်ယူရောင်းချထောက်ပံ့ခြင်းအား အခမဲ့ထောက်ပံ့ပေးခြင်းဖြင့် ပြောင်းလဲကျင့်သုံးဆောင်ရွက်

Image may contain: 1 person


နေပြည်တော် ဇွန် ၂၇

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၂၁ ရက် မြောက် နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမဲ့ထောက်ပံ့
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၉)မှ ဒေါက်တာဇော်လင်းထွဋ်၏ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီး ဌာနအနေဖြင့် ပြည်သူများအတွက် အခမဲ့ (FOC)စနစ်ဖြင့် မည်သို့သော ဝန်ဆောင်မှုများ ပြုလုပ်ပေးနေသည်၊ တိုင်းဒေသကြီး / ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဆေးရုံများသို့ ထောက်ပံ့နေသော ဆေးဝါးများအတွက် နှစ်စဉ် ဘတ်ဂျက်မည်မျှသုံးစွဲ၍ မည်သို့ ဖြန့်ဝေပေးနေသည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြည်သူ လူထု စိုက်ထုတ် ကုန်ကျနေသည့် စရိတ်များကျဆင်းရေးအတွက်Na- tional Health Insurance Systemအကောင်အထည်ဖော်နိုင်ခြင်း မရှိမီ Short Term Solution အနေဖြင့် စရိတ်မျှပေး ကျန်းမာရေးစနစ်ဖြင့် ဆေးဝါးများ ဝယ်ယူရောင်းချ ထောက် ပံ့ခြင်းအား အခမဲ့ထောက်ပံ့ပေးခြင်းဖြင့် ပြောင်းလဲကျင့်သုံး ဆောင်ရွက်ခဲ့ပါ ကြောင်း၊ အချို့သော ဘဏ္ဍာနှစ်များတွင် တိုးမြှင့်ရရှိသည့် ရန်ပုံငွေအရ ကင်ဆာ ဆေးဝါးများ အခမဲ့ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ပေးပါကြောင်း။
ြေ>ွမဆိပ်ဖြေဆေးအား စက်မှုဝန်ကြီး ဌာနမှ ဝယ်ယူထောက်ပံ့ပြီး အခြား ကာကွယ်ဆေးများကို သက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးဌာနမှ တိုးချဲ့ ကာကွယ်ဆေးထိုး စီမံချက်ဖြင့် ချိတ် ဆက်ပြီး ပြည်သူ့ဆေးရုံများတွင် ကာကွယ်ဆေးအခမဲ့ရရှိရန် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဓာတ်ခွဲ စမ်းသပ်ချက် များသည်လည်း ပြည်သူ့ဆေးရုံများမှ ရရှိသော ရန်ပုံငွေပမာဏနှင့် ဆေးရုံရှိ ဓာတ်ခွဲခန်း အမျိုးအစားအပေါ်မူတည်၍ ပြည်သူလူထုအား အချို့သောဓာတ်ခွဲ စမ်းသပ်မှုများအား အခမဲ့ပြုလုပ်ပေးခြင်း နှင့် အဆင့်မြင့် ဓာတ်ခွဲစမ်းသပ်မှုများ အား စရိတ်မျှပေး ကျန်းမာရေးစနစ် အသွင်ဖြင့် ဆက်လက်ဆောင်ရွက်ခဲ့ပါ ကြောင်း၊ အမျိုးသားကျန်းမာရေးစီမံ ကိန်း(၂ဝ၁၇ - ၂ဝ၂၁) ရေးဆွဲခဲ့ပြီး ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံသား များအတွက် အခြေခံကျသည့် မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များကို ငွေကြေးကုန်ကျမှု နည်းပါးစွာဖြင့် နေရာမရွေး၊ ဒေသမရွေး ဝန်ဆောင်မှု ပေးနိုင်ရန် ရေးဆွဲခဲ့ပါကြောင်း၊ အဆိုပါ စီမံကိန်းလုပ်ငန်းများကို တစ်ဆင့်ပြီး တစ်ဆင့် အကောင်အထည်ဖော်ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြား သည်။
ဦးစားပေးအဆင့်အလိုက်
ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၂)မှ ဦးစိုင်းစံအောင်၏ ''ဝ''” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင် ဟိုပန်မြို့ရှိ လက်ရှိအားကစားကွင်းကို အဆင့်မြှင့်တင်ပြုပြင်ပေးပြီး မိုးလုံလေလုံ အားကစားကွင်းအဖြစ် ဆောက်လုပ်ပေး ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ဟိုပန်မြို့ အားကစားကွင်း တည် ဆောက်ခြင်းလုပ်ငန်းအား ၂ဝ၁၄ - ၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းအသုံးစရိတ်မှ ငွေ$ကျပ် ၂၁ ဒသမ ၅၇၄ သန်းဖြင့် လည်းကောင်း၊ အားကစားကွင်း အုတ်တံတိုင်းကာရံခြင်း လုပ်ငန်းအား ၂ဝ၁၅ - ၂ဝ၁၆ ဘဏ္ဍာရေး နှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ ငွေလုံး ငွေရင်းအသုံးစရိတ်မှ ငွေ$ကျပ် သန်း ၁၆ ဒသမ ၈၉ဝ ဖြင့် လည်းကောင်း၊ အားကစားကွင်း မြေထိုးမြေညှိ ပြုပြင်ခြင်းလုပ်ငန်းအား ၂ဝ၁၆ - ၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်း အသုံးစရိတ်မှ ငွေ$ကျပ် ၅၄ သန်းတို့ဖြင့် လည်းကောင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မိုးလုံလေလုံ အားကစားကွင်းအဖြစ် ၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်း အသုံးစရိတ် ဖြည့်စွက် ရန်ပုံငွေ သို့မဟုတ်၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာ ရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ငွေလုံး ငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေ စာရင်းတွင် ဦးစားပေးအဆင့်အလိုက် ထည့်သွင်းလျာထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ပို့ကုန်လိုင်စင်များ ခွင့်ပြု
မ္တလေးတိုင်းဒေသကြီး မဲဆန္ဒ နယ် အမှတ်(၃)မှ ဒေါက်တာကျော် သန်းထွန်း (ကန်တုန်)၏ မြန်မာနိုင်ငံ ဒေသအနှံ့ အပြား တောင်ပေါ်မြေပြန့်ရှိ အသုံးချ သဘာဝသယံဇာတ အပင်နှင့်ဆေးပစ္စည်း တို့ အား စနစ်တကျ စိုက်ပျိုးထုတ်လုပ်၍ ဒေသဖွံ့ဖြိုးရေးအတွက် ပြည်ပပို့ကုန် များအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက နိုင်ငံ အတွင်း စိုက်ပျိုးထွက်ရှိသော နနွင်းတက်၊ ကွမ်းစားဂမုန်း၊ စကားပန်းပွင့်ခြောက်၊ ဖန်ခါးသီးခြောက်၊ ကြောင်လျှာစေ့၊ ကြောင် ပန်းစေ့၊ နေလဲ စေ့၊ ခပေါင်းစေ့၊ စမုန်နက်၊ တောချင်း၊ ရွေးရွက်၊ နနွင်းခေါင်း၊ မာလာဥ၊ တောဂျူး မြစ်၊ ဆေးမြင်းခွာ၊ ချဉ်ပေါင်ဖာလာ အစရှိ သော ပရဆေး များကို ပြည်ပပို့ကုန်အဖြစ် ကုန်သွယ် ဖက် နိုင်ငံများသို့တင်ပို့ရန် ပို့ကုန်လိုင်စင် များ ခွင့်ပြုထုတ်ပေးလျက်ရှိပါကြောင်း။
ပရဆေးပြည်ပတင်ပို့မှုအနေဖြင့် ၂ဝ၁၄ -၂ဝ၁၅ ဘဏ္ဍာနှစ်တွင် တန်ချိန် ၂၂၆၁၁ ဒသမ ၃၅၄ တန် အမေရိ ကန်ဒေါ်လာ ၁၂ ဒသမ ၆၆ဝ သန်း၊ ၂ဝ၁၅- ၂ဝ၁၆ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၄၉၁၈ ဒသမ ၈၈၁ တန် အမေရိကန် ဒေါ်လာ ၉ ဒသမ ဝဝ၉ သန်း၊ ၂ဝ၁၆ - ၂ဝ၁၇ ဘဏ္ဍာ နှစ်တွင် တန်ချိန် ၂၁၁၅၉ ဒသမ ၇ဝ၃ တန် အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၈၉၅ သန်း တင်ပို့နိုင်ခဲ့ပါကြောင်း ဖြေ ကြားသည်။
ပြန်လည်ရှင်းလင်း
ထို့နောက် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါက်တာ စန်းမောင်မောင်၏ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး ဥပဒေကို ရေးဆွဲပြဋ္ဌာန်းပြီးသော်လည်း ပြည်သူ များလိုက်နာကျင့်သုံးမှုနှင့် အာဏာပိုင် များဘက်မှ ကြီးကြပ်အရေးယူမှုမရှိ သလောက် အားနည်းနေခြင်းအပေါ် ပြည်ထောင်စုအစိုးရမှ ကိုင်တွယ်ဖြေရှင်း ပေးပါရန် တိုက်တွန်းကြောင်း အဆိုနှင့် စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဦးခင်မောင်ဝင်း၊ မွန်ပြည် နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁)မှ ဦးလှဆန်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးလှဦး၊ ပဲခူး တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဦးနိုင်သီဟ နှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်တို့က ထောက်ခံ ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
အဆိုအတည်ဖြစ်
အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲများ သည့်အတွက် အဆိုအတည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင် သန်းက ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်း အဝေး ၂၂ ရက်မြောက် နေ့ကို ဇွန် ၂၉ ရက်တွင် ဆက်လက် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။
သူရဇော်၊မွှေးကြူဇင်(သတင်းစဉ်)

No comments:

Post a Comment