Wednesday, June 28, 2017

အထောက်အထားမပြည့်စုံသော်လည်း တိုင်းရင်းသားမှန်ပါက နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရေးကြီးကြပ်ရေးအဖွဲ့ထောက်ခံမှုဖြင့် ဆောင်ရွက်ပေးနေ

Image may contain: 1 person, standing


နေပြည်တော် ဇွန် ၂၇

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁ဝနာရီတွင်ကျင်းပရာ မေးခွန်း ၁ဝခု မေးမြန်းဖြေကြားခြင်းနှင့် အစီရင်ခံစာနှစ်ခုနှင့် ဥပဒေကြမ်းတစ်ခု အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် အင်းစိန်မဲဆန္ဒ နယ်မှ ဦးမောင်မောင်ဦး၏ မြန်မာနိုင်ငံ တွင် နိုင်ငံသားစစ်စစ် မိဘနှစ်ပါးမှ မွေးဖွားခဲ့သည့် နိုင်ငံသားများ၊ တိုင်းရင်း သားများသည် အကြောင်းအမျိုးမျိုး ကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိခြင်း၊ အိမ်ထောင်စု စာရင်းစာရွက် များ မရရှိခြင်းများကြောင့် နိုင်ငံသား အခွင့်အရေး၊ လူ့အခွင့်အရေးများ ဆုံးရှုံး နေခြင်း အတွက် မည်ကဲ့သို့ဆောင်ရွက်ပေး မည်ကို သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်း နေထိုင်ကြသူများအနက် အချို့မှာ နေရပ် လိပ်စာပြောင်းရွှေ့ပုံစံ ၁ဝ တရားဝင်ရယူ ရွှေ့ပြောင်းနေထိုင်ကြသော်လည်း အချို့ မှာ အကြောင်းအမျိုးမျိုးကြောင့် မူလ နေထိုင်ရာအရပ်ဒေသမှ ပြောင်းရွှေ့ပုံစံ ၁ဝ ထုတ်ယူခဲ့ခြင်းမရှိပါကြောင်း။
နေ့ချင်းပြီးဆောင်ရွက်
ပြောင်းရွှေ့ပုံစံ ၁ဝ ထုတ်ယူခဲ့သော် လည်း အထောက်အထား မပြည့်စုံသည့် အတွက် အိမ်ထောင်စုစာရင်းမပြုလုပ်ရသေးသူများနှင့် အစဉ်အဆက် ပျံကျ နေထိုင်ပြီး လူဦးရေစာရင်း မရှိသူများ ကိုလည်း စိစစ်တွေ့ရှိရပါကြောင်း၊ အိမ် ထောင်စု လူဦးရေစာရင်း မရှိသည့် အတွက် ¤င်းတို့အနေဖြင့် ရောက်ရှိရာ ဒေသတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြား များပြုလုပ်သည့်အခါ အခက်အခဲများ တွေ့ကြုံနေရသည်ဟု သိရှိရပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ အိမ်ထောင်စု လူဦးရေစာရင်းထုတ်ပေး ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများတွင် မြန်ဆန် စေရန် ယခင်က လူဦးရေ စာရင်းဖြည့်စွက် ရေးအတွက် အထောက်အထား ၁ဝ ချက် ရယူခဲ့သော်လည်း ယခု ငါးချက်သာ ကောက်ယူပါကြောင်း၊ နိုင်ငံသားစိစစ် ရေးကတ်ပြားပြုလုပ်ရာတွင်လည်း ယခင် က ခရိုင်မှူး လက်မှတ်ထိုးမှရရှိသော်လည်း ယခုအခါ မြို့နယ်ဦးစီးလက်မှတ်ထိုး၍ ထုတ်ပေးခွင့်ကို ခွင့်ပြုထားပြီးဖြစ်ပါ ကြောင်း၊ တိုင်းရင်းသားများအနေဖြင့် အထောက်အထား ပြည့်စုံသည်ဆိုပါက ၂၈ ရက်အတွင်းရရှိအောင် ဆောင်ရွက် ပေးရမည်ဟု òန်ကြားထားပါကြောင်း၊ အထောက် အထားပြည့်စုံပါက နေချင်း ပြီး ဆောင်ရွက်ပေးနိုင်ရန်အတွက် လည်း ကြိုးစားဆောင်ရွက်နေပါကြောင်း၊ အထောက်အထား မပြည့်စုံသော်လည်း တိုင်းရင်းသားမှန်ကန်ပါက နိုင်ငံသားစိစစ် ရေးကတ်ပြားထုတ်ပေးရေးကြီးကြပ်ရေး အဖွဲ့ ငါးဦးကော်မတီ၏ ထောက်ခံမှုဖြင့် ဆောင်ရွက်ပေးရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်နေပါကြောင်း။
မူလနေထိုင်ရာအရပ်ဒေသမှ ပုံစံ ၁ဝ ထုတ်ယူခဲ့ခြင်းမရှိဘဲ အကြောင်းအမျိုးမျိုး ကြောင့် ရွှေ့ပြောင်းသွားလာသူ တိုင်းရင်း သားများ၏ အခက်အခဲပြေလည်ရန် အတွက် သက်ဆိုင်ရာ မြို့နယ်ရုံးအချင်း ချင်း ချိတ်ဆက်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ¤င်းတို့သည် သတ်မှတ်ချက် နှင့် ကိုက်ညီပါက လက်ရှိဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံ သား စိစစ်ရေးကတ်များကို ထုတ်ပေး ပါကြောင်း။
မေးခွန်းပါ ရွှေ့ပြောင်းနေထိုင်သူများ သည် ကျူးကျော်သည့်နေရာများ တွင် နေထိုင်ကြသူများဖြစ်ပါကြောင်း၊ ကျူးကျော်သည့် နေရာဖြစ်သည့်အတွက် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ် ရေးမှူးများက ထောက်ခံမှုမပေးနိုင်ပါ ကြောင်း၊ ထောက်ခံမှုမပေးနိုင်သည့် အတွက် ဝန်ကြီးဌာနအနေဖြင့်လည်း ဆက်လက်ဆောင်ရွက်ရန် အခက်အခဲ ဖြစ်နေပါကြောင်း၊ အချို့ကိစ္စများတွင် ကျူးကျော်နေထိုင်သူများအား ပုံစံ ၁ဝ ထုတ်ပေးလိုက်သည့်အခါ ကျူးကျော် နေထိုင်သူများက ကျူးကျော်ထားသည့် နေရာသည် ¤င်းတို့ပိုင်ဆိုင်သည်ဟု တရားရုံးများသို့ သွားရောက်လျှောက် ထားပါကြောင်း၊ မလိုလားအပ်သည့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပွား သည့်အတွက် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ထောက်ခံ မှုပြုပေးနိုင်သည့်ကိစ္စများကိုသာ ဥပဒေ နှင့်အညီ အိမ်ထောင်စုစာရင်းများကို ထုတ်ပေးလျက်ရှိပါကြောင်း ဖြေကြား သည်။
ဥပဒေအရခြွင်းချက်ပေးထား
တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်း၏ နှစ်တစ်ရာသက်တမ်းရှိ ရှေးဟောင်းဘုရားဆင်းတုတော်များ၏စာရင်းကို ကျွမ်းကျင်ပညာရှင်များ နှင့် ညှိနှိုင်းပြီး စာရင်းကောက်ယူထား ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကိုက ၂ဝ၁၅ ခုနှစ် ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေအခန်း (၄) ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ် ထိန်းသိမ်းခြင်း၊ အပ်နှံခြင်းနှင့် လက်ခံခြင်း ပုဒ်မ၈ပုဒ်မခွဲ (က)တွင် ''ဘာသာရေးအရ ဝတ်ပြုကိုးကွယ်ရာတွင် လက်ရှိအသုံးပြု နေသော ရှေးဟောင်းဝတ္ထုပစ္စည်းများ၊ ပိုင်ရှင်က မိမိ သို့မဟုတ် မိမိဘိုးဘွား စဉ်ဆက် သို့မဟုတ် မိမိ၏ မိသားစုတွင် ပါဝင်သူတစ်ဦးဦးနှင့် ပတ်သက်၍ သင့်လျော်သော အကြောင်းပြချက်ဖြင့် ကိုယ်ပိုင်ထိန်းသိမ်းထားရှိလိုသည့် ရှေး ဟောင်း ဝတ္ထုပစ္စည်းများနှင့်သက်ဆိုင် ခြင်း မရှိစေရ''ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ယင်းပြဋ္ဌာန်းချက်အရ ဝန်ကြီးဌာန၏ဆောင်ရွက်နိုင်ခွင့်သည် ပြည်သူလူထု လက်ရှိ ကိုးကွယ်ယုံကြည်သည့် ရှေးဟောင်း ဘုရားဆင်းတုတော်များနှင့်ပတ်သက်၍ နှစ် ၁ဝဝ ကျော်လွန်ပြီး ရှေးဟောင်းဝတ္ထု ပစ္စည်းဖြစ်စေကာမူ ပိုင်ဆိုင်ခွင့်နှင့် ထိန်း သိမ်းခွင့်ကို ဥပဒေအရ ခြွင်းချက်ပေးထား ပါကြောင်း။
မြန်မာနိုင်ငံအတွင်း နှစ် ၁ဝဝ သက်တမ်းရှိ ရှေးဟောင်းဘုရားဆင်းတု တော်များ၏ စာရင်းကို ကောက်ယူထား နိုင်ခြင်းမရှိပါကြောင်း၊ အနယ်နယ် အရပ်ရပ်ရှိ ပြည်သူလူထုကိုးကွယ်နေ သော ရှေးဟောင်းဘုရား၊ ရုပ်ပွားဆင်းတု၊ ယဉ်ကျေးမှုအမွေအနှစ်များကို နယ်မြေ ဒေသအလိုက် သံဃာ့အဖွဲ့အစည်းများ၊ ဂေါပကအဖွဲ့များ၊ ဒေသအုပ်ချုပ်ရေး အဖွဲ့များနှင့် လုံခြုံရေးအဖွဲ့များပူးပေါင်း ၍ ကာကွယ်ထိန်းသိမ်းသွားရမည်ဖြစ် ပါကြောင်း ဖြေကြားသည်။
သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦးဉာဏ် ဟိန်း၏ သံဖြူဇရပ်မြို့နယ်ရှိ ဝါခရူမြို့ ဟောင်းကို မူလအကျယ် ၆၅ ဧကအတိုင်း ယဉ်ကျေးမှုဝန်ကြီးဌာန သို့မဟုတ် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၏ ထိန်းသိမ်းစောင့်ရှောက်ခံ အဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ဝါခရူမြို့ဟောင်းသည် သံဖြူဇရပ်မြို့၏ အနောက် မြောက်ဘက် နှစ်မိုင်ကျော် ခန့်အကွာ ဝါခရူကျေးရွာအနီးတွင် တည်ရှိ ပါကြောင်း။
အမိန့်ကြော်ငြာစာပြဋ္ဌာန်း
မြို့ဟောင်း၏ဧရိယာသည် ၆၁ ဒသမ ၁ ဧက ကျယ်ဝန်းပါကြောင်း၊ ဝါခရူမြို့ ဟောင်း၏ပုံသ္ဌာန်မှာ နနွင်းမကင်း ပုံသ္ဌာန်ရှိပြီး မြေမြို့ရိုးတစ်ထပ်၊ ကျုံးတစ်ထပ်ကာရံထားရှိသည်ကို တွေ့ရှိ ရပါကြောင်း၊ မြေမြို့ရိုး အမြင့်ဆုံးနေရာမှာ ပေ ၂ဝ ခန့်ထိရှိပြီး အချို့နေရာများတွင် ၁ဝ ပေခန့်ထိရှိပါကြောင်း၊ မြေမြို့ရိုး အပြင်ဘက်တွင် ကျုံးရှိပြီး ရေဝင်ရောက် ခြင်း မရှိပါကြောင်း၊ ပျမ်းမျှကျုံးအနက်မှာ ၁ဝ ပေမှ ၁၅ ပေခန့် အထိရှိပြီး ကျုံး အကျယ်မှာ ပေ ၄ဝ ခန့်အထိရှိပါကြောင်း။
ဝါခရူမြို့ဟောင်းအား ပြည်ထောင်စု အဆင့်မှ အမိန့်ကြော်ငြာစာပြဋ္ဌာန်းပြီး ဇုန်အဖြစ် သတ်မှတ်မည်ဆိုပါက လက်ရှိ ပြဋ္ဌာန်းထားသော ၁၉၉၈ ခုနှစ် ယဉ်ကျေး မှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်း သိမ်းရေးဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြား ချက်၊ စည်းကမ်းချက်များကို ဝါခရူ ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာ များရှိ ပြည်သူလူထုကို ဦးစွာချပြဆွေးနွေး ရမည်ဖြစ်ပါကြောင်း၊ ဇုန်ဥပဒေ စည်း ကမ်းချက်များကို သိရှိလိုက်နာနိုင်မှသာ မြေယာအသုံးချမှုအတွက် ပြည်ထဲရေး ဝန်ကြီးဌာနသို့ ဆက်လက်ပေးပို့ရမည် ဖြစ်ပါကြောင်း၊ ဝါခရူမြို့ဟောင်းအား ပြည်ထောင်စု အဆင့် ဥပဒေပြဋ္ဌာန်းပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း ထက် ဒေသခံပြည်သူများက သက်ဆိုင် ရာ ဦးစီးဌာနနှင့် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့တို့၏ လမ်းòွှန်မှုကိုခံယူကာ မိမိ ဒေသ၏ ယဉ်ကျေးမှုအမွေအနှစ်ကို မိမိတို့ကိုယ်တိုင် ဝိုင်းဝန်းထိန်းသိမ်းစောင့် ရှောက်ခြင်းသည်သာ ပိုမိုကောင်းမွန် မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် မိုင်းကိုင်မဲဆန္ဒနယ်မှ ဦးစိုင်း ဆိုင်မိုင်း၊ ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်၊ တနိုင်းမဲဆန္ဒနယ်မှ ဦးလင်း လင်းဦး၊ ဒက္ခိဏသီရိမဲဆန္ဒနယ်မှ ဦးသန့် ဇင်ထွန်း၊ မင်္ဂလာဒုံမဲဆန္ဒနယ်မှ ဦးအောင် လှိုင်ဝင်း၊ မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာ ဦးသန်းအောင်စိုးနှင့် ဒဂုံမြို့သစ် (တောင် ပိုင်း)မြို့နယ်မဲဆန္ဒနယ်မှ ဦးအေးနိုင်တို့၏ သိမ်းဆည်းခံလယ်မြေများ နစ်နာကြေး ရရှိရေး၊ ဆန်နှင့်စက်သုံးဆီအမျိုးမျိုး လွတ်လပ်စွာ သယ်ယူခွင့်ပြုရေး၊ စီမံကိန်း အကောင်အထည်မဖော်နိုင်သော မြေ များအား ပြန်လည်သိမ်းဆည်းရေး၊ သားငါးဈေးနှုန်းကျဆင်းရေး၊ မြို့နယ် တိုင်းတွင် သားသတ်ရုံများကို စနစ်တကျ ဆောက်လုပ်ပေးရေး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ မြို့နယ်ခန်းမ ပြန်လည်ရရှိရေးဆိုင်ရာ မေးခွန်းများ ကိုလည်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်နှင့် နေပြည်တော်ကောင်စီဝင် ဦးအောင်မြင် ထွန်းတို့က ပြန်လည်ဖြေကြားခဲ့သည်။
ယနေ့အစည်းအဝေး၌ ပြည်သူ့ လွှတ်တော် ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ အစီရင် ခံစာနှင့် ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ အစီရင်ခံစာအား အတည် ပြုခြင်း၊ ''ပြည်သူ့ငွေစာရင်းကိုင်များ ပျက်ကွက်မှု အက်ဥပဒေကိုရုပ်သိမ်း သည့်ဥပဒေကြမ်း''အား လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြသည်။
ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၂၂ ရက်မြောက်နေ့ကို မွန်းလွဲပိုင်းတွင် ရပ်နားလိုက်ပြီး အစည်း အဝေး ၂၃ ရက်မြောက်နေ့ကို ဇွန် ၂၉ ရက်တွင် ဆက်လက်ကျင်းပရန် လျာထား ကြောင်း သိရသည်။
ကျော်သူထက်၊
အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment