ဝါရှင်တန် ဇွန် ၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီတို့သည်
ကုန်သွယ်ရေး၊ ပါရီ ရာသီဥတုသဘောတူ စာချုပ်နှင့်
လူဝင်မှုကြီးကြပ်ရေးကိစ္စရပ်များတွင် သဘောထား ကွဲလွဲမှုများရှိနေသော်လည်း
အမေရိကန်နှင့် အိန္ဒိယနှစ်နိုင်ငံ
ချစ်ကြည်ရင်းနှီးမှုကိုမြှင့်တင်သည့်အနေဖြင့် တနင်္လာနေ့တွင် ဝါရှင်တန်၌ မျက်နှာချင်းဆိုင် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အိမ်ဖြူတော်အစည်းအဝေးကျင်းပရေးအဖွဲ့သည် ယခု ဆွေးနွေးပွဲကို အိန္ဒိယဝန်ကြီးချုပ်မိုဒီ ယခင်က သွားရောက်ခဲ့ သည့် ဝါရှင်တန်ခရီးစဉ်ကလောက် တခမ်းတနားကျင်းပမှုမျိုး မဖြစ်စေရန် ကတိပေးအပ်ခဲ့ကြောင်း သိရသည်။
သို့သော်ထရန့်အစိုးရအဖွဲ့အာဏာပိုင်များသည် အိန္ဒိယ နှင့်အမေရိကန်ခေါင်းဆောင်နှစ်ဦး၏လူမှုကွန်ရက်အသုံးပြုမှု ကြောင့် ဖြစ်လာနိုင်သည့် နောက်ဆက်တွဲအကျိုးသက်ရောက် မှုများကို ထောက်ပြခဲ့ကြသည်။ ခေါင်းဆောင်နှစ်ဦးလုံးသည် တွစ်တာပေါ်၌ ဖော်လိုဝါ သန်း ၃ဝ ခန့်ရှိနေကြသည်။
ပြီးခဲ့သည့်နှစ်က ထရန့်သည် ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးမှုပြုလုပ်စဉ်အတွင်း မွန်ဘိုင်း၌ ထရန့်တာဝါတစ်ခုကို တည်ဆောက်ခဲ့ပြီး အိန္ဒိယပြည်သူများအား နွေးထွေးလှိုက်လှဲ စွာ စကားပြောဆိုမှု ပြုလုပ်ခဲ့သည်။ ယခုဆွေးနွေးပွဲအတွက် ခရီးစဉ်လာရောက်မှုအပေါ် အထူးစိတ်ဝင်စားမှုရှိပြီး ကော်ဇောနီ ခင်း၍ ကြိုဆိုရန် များစွာ စိတ်အားထက်သန်ခဲ့ကြောင်းအိမ်ဖြူ တော်မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်မိုဒီသည် နှစ်နိုင်ငံအကြားလျော့ရဲလာနေသည့် ဆက်ဆံရေးကိုပိုမိုခိုင်မာအောင် ဆောင်ရွက်လိုသည့်သဘောထားမျိုးရှိကြောင်း အိန္ဒိယအာဏာပိုင်များက မှတ်ချက်ချခဲ့ ကြသည်။ အမေရိကန်ပြည်ထောင်စုကို ထိပ်ဆုံးနေရာရောက် ရှိအောင် ဦးစားပေးဆောင်ရွက်နေသည့် ထရန့်သည် အိန္ဒိယနှင့် မပြေလည်မှုများ ကြီးထွားလာနေသည့်အတွက် အခက်အခဲနှင့် ကြုံလာရသည်။
ထရန့်သည် အိန္ဒိယနိုင်ငံ၏ နည်းပညာကုမ္ပဏီများကို ထိခိုက်စေမည့်H -1Bဗီဇာစနစ်ကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် တောင်းဆိုထားသည်။ (ရိုက်တာ)

No comments:
Post a Comment