နေပြည်တော် ဇွန် ၂၆
ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးစီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ်(၄)
သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ဗဟို
ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) နဝရတ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက သင်တန်းကို ဝန်ထမ်းအဖွဲ့အစည်း အသီးသီး၏ စီမံခန့်ခွဲအုပ်ချုပ်မှုပိုင်းတွင် အဓိကတာဝန် ထမ်းဆောင်နေကြပြီး အနာဂတ်တွင် နိုင်ငံတော်၏ ပိုမိုကြီးမား သောတာဝန်များကို ထမ်းဆောင်ကြမည့် အဆင့်မြင့်အရာရှိ ကြီးများ၏ အရည်အသွေးများ ပိုမိုမြင့်မားထက်မြက်လာစေကာ ၄င်းတို့တာဝန်ယူရသော ဝန်ထမ်းအဖွဲ့အစည်းတွင် ဦးဆောင်နိုင်မှု စွမ်းရည်တိုးတက်လာစေရန်နှင့် အနာဂတ်ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးကောင်းများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းကာလအနေဖြင့် ရက်သတ္တ ရှစ်ပတ် ကြာမြင့်မည်ဖြစ်ပြီး ပြည်ပဘာသာရပ်ပို့ချမှုအနေဖြင့်UNDP က " Public Administration Responsiveness Trainings၊ Code of Ethics ၊ Anti-Corruption ၊ Competency Frameworks" ၊ Hanns Seidel Foundation က '' Constitutions and Federal Ideas"၊ UN-APCICTက'' ICT and Sustainable Development ၊ Project Manegement ၊ Social Media for Development"၊ EU(GOPA)က " Irish Civil Service Competency Frameworks and Health Management'' စသည် ဘာသာရပ်များကို ရက်သတ္တငါးပတ်တာ ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်း ဘာသာရပ်ပို့ချမှုအနေဖြင့် ဝန်ကြီးဌာနများနှင့်အဖွဲ့အစည်းအသီးသီးတို့က ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်တွင်းကျွမ်းကျင်ပညာရှင် များက ခေတ်စနစ်နှင့်လျော်ညီပြီး နိုင်ငံတကာစံနှုန်းများနှင့် အညီ အဆင့်အတန်းရှိရှိဖြင့် ပြုစုထားရှိသော သင်ရိုးòန်းတမ်း များ၊ သင်ရိုးဇယားများကို ရက်သတ္တသုံးပတ် ဆွေးနွေးပို့ချ ပေးမည်ဖြစ်ပါကြောင်း မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်အစိုးရ၏ ရည်ရွယ်ချက်များ ဖြစ်သော ဒီမိုကရေစီ ဖက်ဒရယ်စနစ်ထွန်းကားရေး၊ ဈေးကွက် စီးပွားရေးစနစ် ပီပြင်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ပြည်သူ များ၏ လူနေမှုဘဝများဖွံ့ဖြိုးတိုးတက်ရေးများကို အကောင် အထည်ဖော်ရာတွင် ပြည်သူများကို အနီးကပ်ဝန်ဆောင်မှု ပေးရသော နိုင်ငံ့ဝန်ထမ်း၏စွမ်းအား (Ability)နှင့် စွမ်းဆောင် ရည်(Capability)တို့သည် အလွန်အရေးကြီးသည့်အတွက် ¤င်းတို့အစဉ်တိုးတက်နေစေရန် ပညာသစ်၊ အတွေ့အကြုံ သစ်များကို ဆက်လက်ရှာဖွေစုဆောင်းသွား ရန်လိုကြောင်း ယခုသင်တန်းကနိုင်ငံ့ဝန်ထမ်းများ၏ လိုအပ်ချက်စွမ်းရည်များကို ဖြည့်ဆည်းပေးနိုင်ပြီး နိုင်ငံ့ဝန်ထမ်းလောက ခေတ်မီဖွံ့ဖြိုး တိုးတက်လာအောင် တစ်စိတ်တစ်ပိုင်းအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအတွင်း ကျင့်ဝတ်သိက္ခာနှင့် သမာသမတ်ရှိပြီး အရည်အသွေးပြည့်ဝသည့် စီမံခန့်ခွဲမှုများ ရှိမှသာ ပွင့်လင်းမြင်သာမှုရှိပြီး ပြည်သူများ၏ လိုအပ်ချက်ကို ဘက်လိုက်ခြင်းကင်းစွာ တန်းတူညီမျှ တုံ့ပြန်ဖြည့်ဆည်းပေး နိုင်မည့် သန့်ရှင်းသောအစိုးရ ပေါ်ထွန်းလာမည်ဖြစ်ပါ ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် မူဝါဒများကို လက်တွေ့ အကောင်အထည်ဖော်ပေးနေသည့် အင်အားစုများဖြစ်ပြီး ပြည်သူလူထုအတွက် အခြေခံဝန်ဆောင်မှုများကို ဆောင်ရွက် ပေးရန် တာဝန်ရှိသူများလည်း ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း အများစုသည် အစိုးရကို ကိုယ်စားပြုသူများဖြစ်သည့်အတွက် အစိုးရနှင့်ပြည်သူကြား ယုံကြည်မှုတည်ဆောက်ရာတွင် အခရာ ကျမည်ဖြစ်ပြီး ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ပေါ်ထွန်း လာအောင် စွမ်းဆောင်ပေးနိုင်မည့်သူများလည်း ဖြစ်ပါ ကြောင်း၊ နိုင်ငံတော် အသွင်ကူးပြောင်းဆဲကာလတွင် ပြည်သူ များက နိုင်ငံ့ဝန်ထမ်းများအပေါ်ထားရှိသည့် မျှော်မှန်းချက် များသည် ယခင်နှင့်မတူတော့ဘဲ အရည်အသွေးမြင့်မားသော ဝန်ဆောင်မှုများကို ရယူလိုသည့်အတွက် ယခုသင်တန်း တက်ရောက်ကြသော အရာရှိကြီးများသည် အမှုထမ်းများကို ထိရောက်စွာ ဦးဆောင်ပြီး အထက်အဆင့်ကိုလည်း ခေတ်နှင့် အညီ ပြီးပြည့်စုံသော ပံ့ပိုးမှုများကို ပေးနိုင်မှသာလျှင် ကောင်းမွန် သည့် အုပ်ချုပ်ရေးကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ပြီး ပြည်သူလူထုလိုချင်သည့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ပြီးပြည့်စုံသည့်ဝန်ဆောင်မှုကို ပေးနိုင်မည်ဖြစ်ပါကြောင်း။
နိုင်ငံတော်အစိုးရက အရာရှိကြီးများကို စွမ်းဆောင်ရည် မြှင့်တင်ပေးမှုနှင့် လေ့ကျင့်သင်တန်းပေးမှုများကို စဉ်ဆက် မပြတ် ဆောင်ရွက်ပေးနေခြင်းမှာ အုပ်ချုပ်ရေးကဏ္ဍ၏ ခေါင်းဆောင်မှု အရည်အသွေးတိုးတက်လာရန် ဖြစ်ခြင်း ကြောင့် သင်တန်းကာလအတွင်း မိမိအတွက်၊ မိမိဝန်ကြီးဌာန အတွက် အကျိုးရှိအောင် ကြိုးကြိုးစားစားသင်ယူကြရန် တိုက်တွန်း မှာကြားခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၊ အဖွဲ့ဝင် ဦးမြင့်ဝင်း၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်များ၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်) ပါမောက္ခချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်း သား၊ သင်တန်းသူအဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:
Post a Comment