Wednesday, June 28, 2017

သစ်ခွပန်းပင်မျိုးစုံနှင့် အပွင့်များစိုက်ပျိုးခြင်းဖြင့်ဝင်ငွေကောင်း

Image may contain: plant, flower and outdoor
ကျောက်ဆည် ဇွန် ၂၇
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာအသီးသီးတွင် သစ်ခွပန်းပင်မျိုးစုံစိုက်ပျိုးခြင်းနှင့် သစ်ခွပန်းပွင့်ရောင်းချသူများ ရောင်းအားကောင်းပြီး ဝင်ငွေကောင်းလျက်ရှိကြောင်း သိရသည်။
သစ်ခွပန်းမျိုးစုံကို အလှူမင်္ဂလာပွဲ၊ မွေးနေ့ပွဲ၊ ဂုဏ်ပြုပွဲနှင့် အခြားပျော်ပွဲရွှင်ပွဲ
များတွင် အမျိုးသမီးကြီးများနှင့် အမျိုးသမီးငယ်များ ဆံကေသာအလှဆင်ပန်းအဖြစ် အသုံးပြုလျက်ရှိရာ ယခင်က မန္တလေးမြို့နှင့် ရှမ်းပြည်နယ်များတွင်သာ ထွက်ရှိသောကြောင့် ဈေးကောင်းပေး၍ ဝယ်ယူရသည်။ ယခုအခါ ဒေသအသီးသီးတွင် စိုက်ပျိုးလျက်ရှိသည့်အနက်မှ ဟန်မြင့်မိုရ်ကျေးရွာ သီရိဇာဇာပျိုးဥယာဉ်မှ သစ်ခွပန်းမျိုးစုံကို ခေတ်မီနည်းစနစ်ဖြင့် အရိပ်ရအမိုးအကာများ ပြုပြင်ဖန်တီး၍ ရေကို တစ်နေ့နှစ်ကြိမ် ပက်ဖျန်းပေးခြင်းကြောင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
အဆိုပါသစ်ခွပျိုးပင်ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှဝယ်ယူစိုက်ပျိုးရာ မျိုးပွားအပင်များကို ၂ဝ ရာခိုင်နှုန်းအမြတ်တင်၍ ရောင်းချလျက်ရှိကြောင်း၊ အပွင့်တစ်ပွင့်လျှင် ၂ဝဝဝ ကျပ်မှ ၃၅ဝဝ ကျပ် အပွင့်ပါအပင် ရောင်းဈေး
ကျပ် ၃ဝဝဝ မှ ကျပ် ၈ဝဝဝ အထိ ရောင်းရသောကြောင့် နေအိမ်ခြံဝင်းအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် မိသားစုနေ့စဉ်အပိုဝင်ငွေကောင်းမွန်
ကြောင်း သိရသည်။
ခင်မောင်လွင်

No comments:

Post a Comment