Thursday, June 29, 2017

လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် သုံးစွဲသူအရေအတွက် နှစ်ဘီလီယံရှိပြီဖြစ်

Image may contain: 1 person, smiling, standing and text
ကယ်လီဖိုးနီးယား ဇွန် ၂၈
ကမ္ဘာပေါ်တွင် အကြီးဆုံးလူမှုကွန်ရက်ဖြစ်သည့် ဖေ့စ်ဘွတ်ခ်ကို လစဉ်ပုံမှန် အသုံးပြုသူဦးရေသည် နှစ်ဘီလီယံခန့် ရောက်ရှိသွားပြီဖြစ်ကြောင်း ယနေ့သတင်းများအရ သိရသည်။
ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်၏ အမှုဆောင်အရာရှိ ချုပ် ဇူကာဘတ်ဂ်ျက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကို အသုံးပြုသူဦးရေသည် တရားဝင်အရေအတွက်အရ နှစ်ဘီလီယံသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ဇွန် ၂၇ ရက်တွင် ပြောကြားခဲ့သည်။
၂ဝဝ၄ ခုနှစ်တွင် ဟားဗက်တက္ကသိုလ်ကျောင်းသား ဇူကာဘတ်ဂ်ျက ကျောင်းသားအချင်းချင်း ဆက်သွယ် ပြောဆိုအသုံးပြုနိုင်ရေးအတွက်ရည်ရွယ်ပြီး ဖေ့စ်ဘွတ်ခ် ကွန်ရက်ကို စတင်တည်ထောင်ခဲ့သည်။
ယခုအချိန်တွင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် အသုံးပြု သူအရေအတွက်သည် တရုတ်နိုင်ငံတွင် ကျယ်ကျယ် ပြန့်ပြန့်အသုံးပြုလျက်ရှိသည့်ျွှနဃ့အေ လူမှုကွန်ရက်ထက် အသုံးပြုသူဦးရေ နှစ်ဆပိုများကြောင်းသိရသည်။
သို့သော် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် သတင်းမှား များအပါအဝင် အကြမ်းဖက်လုပ်ရပ်များကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များကို ဖြန့်ဝေအသုံးပြုသည့် အကောင့် အများအပြားတွေ့ရှိရကြောင်း အမှုဆောင်အရာရှိချုပ် ဇူကာဘတ်ဂ်ျက ပြောကြားခဲ့သည်။
ထိုကဲ့သို့သော ပြဿနာများကို ကာကွယ်နိုင်ရန် နည်းလမ်းများရှာဖွေလျက်ရှိသည်ဟု ၄င်းကဆိုသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment