Thursday, June 29, 2017

မောင်တောတောင်ပိုင်း ကျေးရွာများသို့ ဆန်၊ ဆီ၊ ပဲ ထောက်ပံ့

Image may contain: 5 people, people smiling, people sitting, drink and indoor
မောင်တော ဇွန် ၂၈
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယမန်နေ့မွန်းလွဲ ပိုင်းတွင် မောင်တောခရိုင် တောင်ပိုင်း ကျေးရွာများသို့ သွားရောက်ကာ ဒေသခံ ပြည်သူများအား အားပေးစကား ပြောကြားပြီး ဆန်၊ ဆီ၊ ပဲနှင့် ငါးသေတ္တာဘူးများထောက်ပံ့ ပေးအပ်သည်။
ဒေသခံပြည်သူများအနေဖြင့် မစိုးရိမ်ကြရန်နှင့် မိမိတို့အနေဖြင့် ဒေသတည်ငြိမ် အေးချမ်းရေးအတွက် အစွမ်းကုန် ကူညီဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ အားလုံး ပူးပေါင်းဆောင်ရွက်ရန်လည်း အရေးကြီး ကြောင်း၊ ဒေသအတွင်း တဖြည်းဖြည်း တည်ငြိမ်အေးချမ်းလာမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က အင်းဒင်ကျေးရွာသို့ ရောက်ရှိစဉ် ဒေသခံပြည်သူများအား ပြောကြားသည်။
ထို့ပြင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့် ကျန်းမာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာတို့ကလည်း ဒေသခံပြည်သူများအား အားပေးစကားပြောကြားကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောက်ပန္ဒုနှင့် ရွှေရင်အေးကျေးရွာများသို့ သွားရောက်ပြီး ဒေသခံပြည်သူများအား အားပေးစကား ပြောကြားကာ ပြည်နယ်အစိုးရမှ ထောက်ပံ့ သော ဆန်၊ ဆီ၊ ပဲနှင့် ငါးသေတ္တာဘူးများ ပေးအပ်လှုဒါန်းသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြင်းလွှတ်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ဒေသခံအုပ်ချုပ်ရေး အဖွဲ့များနှင့် တွေ့ဆုံကာ ဒေသတည်ငြိမ် အေးချမ်းရေးနှင့် စပ်လျဉ်း၍ ဆွေးနွေး မှာကြားသည်။
သတင်း- မြင့်မောင်စိုး၊
အောင်ကျော်ဦး
ဓာတ်ပုံ- သက္က

No comments:

Post a Comment