နေပြည်တော် ဇွန် ၂၆
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ဇွန် ၂၇ ရက်မှ ၂၈ ရက်အထိ ကျင်းပမည့်
ဆဋ္ဌမအကြိမ် မြောက် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေး ပူးတွဲကော်မတီအစည်းအဝေးသို့
တက်ရောက်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် ဦးဆောင်သည့်
မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်
အပြည်ပြည်ဆိုင်ရာလေဆိပ် မှ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ထွက်ခွာခဲ့ရာ
မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံကောင်စစ်ဝန်နှင့်
ဌာနဆိုင်ရာတာဝန်ရှိသူများက ရန်ကုန် အပြည် ပြည်ဆိုင်ရာလေဆိပ်တွင်
လိုက်ပါပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါ အစည်းအဝေးတွင် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့် နိုင်ရေး၊ နယ်စပ်ကုန်သွယ်ရေးအတွက် နှစ်နိုင်ငံဘဏ်များအကြား ပူးပေါင်းဆောင်ရွက် နိုင်ရေးနှင့် ကုန်သွယ်မှုပြုလုပ်နိုင်မည့် အမယ်များတိုးမြှင့်ရန်ကိစ္စရပ်များအား ဆွေးနွေး သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment