Tuesday, June 27, 2017

မိုင်းကြောင့် ထိခိုက်သူများအတွက် လူသားချင်းစာနာမှု အကူအညီပေးရေး ဆွေးနွေး




Image may contain: 3 people, people sitting, table and indoor
 နေပြည်တော် ဇွန် ၂၆



လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား ဗြိတိန်နိုင်ငံအခြေစိုက် Departament for International Development – DFID အဖွဲ့မှDeputy Team Leader (ITAD), Mr. Alexander Robert Renuick Mcaslanနှင့်အဖွဲ့က ယနေ့မွန်းလွဲပိုင်း တွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ ၌ လာရောက်တွေ့ဆုံသည်။
ဆွေးနွေး
အဆိုပါ DFID အဖွဲ့သည် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင် ရွက်နေသော အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းသုံးခုဖြစ်သည့် The Halo Trust ၊ Mine Advisory Group နှင့် Norwegian Peoples’ Aid အဖွဲ့တို့က ဆောင်ရွက်နေသော မြေမြှုပ်မိုင်းအန္တရာယ်ဆိုင်ရာ လုပ်ငန်း များအတွက် ရန်ပုံငွေ ထောက်ပံ့နေသော အဖွဲ့ဖြစ်ပြီး လက်ရှိ ပူးပေါင်းဆောင်ရွက် နေသော လုပ်ငန်းကဏ္ဍများ၏ အားသာ ချက်၊ အားနည်းချက်များ၊ မိုင်းအန္တရာယ် အသိပညာပေးရေး လုပ်ငန်းအဖွဲ့၏ ရှေ့ဆက်ဆောင်ရွက်မည့် ဦးစားပေးအစီ အစဉ်များ၊ မိုင်းအန္တရာယ်လျှော့ချရေး ဆိုင်ရာလုပ်ငန်းအစီအစဉ် အကောင် အထည်ဖော်ရန် ရန်ပုံငွေရှာဖွေရေး ကိစ္စရပ်များ၊ မိုင်းအန္တရာယ်အသိပညာပေး လုပ်ငန်းနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ (Joint Monitoring Committee)တို့အကြား လုပ်ငန်းချိတ် ဆက်ဆောင်ရွက်ရန် အနေအထား၊ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ချိတ်ဆက်ဆောင် ရွက်ရန် လိုအပ်မှုအခြေအနေများ၊ မိုင်း ကြောင့် ထိခိုက်သူများအတွက် လူသားချင်း စာနာမှုအကူအညီပေးရေး ရှေ့ဆက် ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ သည်။
(သတင်းစဉ်)

No comments:

Post a Comment