Friday, June 30, 2017

လာကာဇက်တီကို ခေါ်ယူနိုင်ခဲ့ပြီးဖြစ်သည်ဟူသော သတင်းများကို အာဆင်နယ်အသင်းငြင်းဆန်လီမာကိုသာ ခေါ်ယူနိုင်ပါက ဆန်းချက်ဇ်ကို လက်လွှတ်ခံဖွယ်ရှိ

Image may contain: 1 person, shoes
အာဆင်နယ်အသင်းသည် တိုက်စစ်မှူး လာကာဇက်တီကို ခေါ်ယူနိုင်ခဲ့ပြီးဖြစ်သည်ဟူသော ဖော်ပြနေမှုများကို ငြင်းဆန်ပယ်ချခဲ့ပြီး သဘောတူညီချက်ရရှိရန် ရှေ့တိုးလုပ်ဆောင်နေ သည်ဟုသာ တုံ့ပြန်ခဲ့သည်။ အာဆင်နယ်အသင်းအနေဖြင့် လိုင်ယွန်တိုက်စစ်မှူး လာကာ ဇက်တီကို ခေါ်ယူနိုင်ခဲ့ပြီးနောက် အသင်း၏ တိုက်စစ်မှူး ဂျရူးကို ပြန်လည်ရောင်းချမည်ဟု သတင်းများထွက်လာခြင်းအပေါ် အာဆင်နယ်အသင်းဘက်မှ ငြင်းဆန်လိုက်ခြင်းဖြစ်သည်။
အာဆင်နယ်အနေဖြင့် တိုက်စစ်မှူး လာကာဇက်တီကို ကလပ်အသင်း စံချန်တင်ကြေး ပေါင် ၄၄ သန်းကျော်ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်သည်ဟု သတင်းများ ထွက်လာချိန်တွင် လိုင်ယွန်ဥက္ကဋ္ဌက လာကာဇက်တီကို ယခုနှစ်အတွင်း ရောင်းချရန် ဆန္ဒမရှိကြောင်း ချက်ချင်းဆိုသလို တုံ့ပြန်လိုက်သည်။ သို့သော် အာဆင်နယ်နှင့် နီးစပ်မှု ရှိသည့် အသိုင်းအဝိုင်း၏ အဆိုအရ လာကာဇက်တီကို ပေါင် ၅၇ သန်းဖြင့် ခေါ်ယူရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် ယခုနှစ်တွင် တိုက်စစ်ကစားသမားများအားဖြည့်မှုကို ဦးစားပေးဆောင်ရွက်နေပြီး ထူးခြားချက်တစ်ရပ်မှာ ဦးစားပေးပစ်မှတ်တိုက်စစ်ကစား သမားများမှာလည်း ပြင်သစ်ကစားသမားများသာဖြစ်နေခြင်းဖြစ်သည်။ နည်းပြ ဝင်းဂါးက တိုက်စစ်ပိုင်းအတွက် လိုင်ယွန်တိုက်စစ်မှူး လာကာဇက်တီ၊ မန်ယူတိုက်စစ်မှူး မာရှယ်လ်၊ မိုနာကို တိုက်စစ်ကစားသမားများဖြစ်သည့် မက်ပီနှင့် လီမာတို့ကို တစ်ပြိုင်နက်ကမ်းလှမ်းထား ခြင်းဖြစ်သည်။ အာဆင်နယ်သည် မိုနာကို တောင်ပံတိုက်စစ်မှူး လီမာကို ကနဦး ပေါင် ၂၇ သန်းဖြင့် ကမ်းလှမ်းမှု ပယ်ချခံခဲ့ရပြီးနောက်တွင် ယခု နောက်တစ်ကြိမ် ပေါင် ၃၅ သန်းဖြင့် ထပ်မံကမ်းလှမ်းခဲ့ရာ ခေါ်ယူနိုင်ရန်နီးစပ်မှုရှိသည့် အနေအထားကို ရောက်ရှိ သွားခဲ့ခြင်းဖြစ်သည်။
အာဆင်နယ်သည် လီမာကို ရရှိပါက တိုက်စစ်မှူး ဆန်းချက်ဇ်ကို ပေါင်သန်း ၆ဝ ဖြင့် လက်လွှတ်ခံရန်ရှိနေသော်လည်း အကြောင်းချင်းရာများစွာပေါ်မူတည်ပြီးမှ ဖြစ်မြောက်ဖွယ် ရှိမည့် အပြောင်းအရွှေ့သာဖြစ်သည်။ အထူးသဖြင့် ပရီမီယာလိဂ် ပြိုင်ဘက်အသင်းတစ်သင်းသို့ မရောက်ရှိရေး တားဆီးမည့် သဘောပင်ဖြစ်သည်။
မေလဲ့သင်း

No comments:

Post a Comment