ရွှေညောင်မြို့ စဥ့်ဟယ်ဈေးအရှေ့ဘက် တောင်ကြီး-ကလော-မိတ္ထီလာ ပြည်ထောင်စုလမ်းမ မိုင်တိုင် (၁ဝ၆/၅) ၌ မေ ၃၁ ရက် နံနက် ၆ နာရီခွဲတွင် ကျောက်မီးသွေးများ တင်ဆောင်လာသည့် ၂၂ ဘီးတွဲကား 2E/....ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိသစ်ပင်၊ ဖုန်းတိုင် နှင့် ထူးရှယ်လက်ဖက်ရည်ဆိုင်တို့ကို တိုက်မိခဲ့သည်။
ယာဉ်တိုက်မှုကြောင့် လက်ဖက်ရည်ဆိုင် အဆောက်အအုံနှင့် ကားဂိုဒေါင်တို့ ပျက်စီးကာ လမ်းလျှောက်နေသည့် ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်းမှ တပ်ကြပ်စောအလွင်ကိုပါ တိုက်မိခဲ့ရာ နေရာတွင်သေဆုံးခဲ့သည်။ ယာဉ်မောင်း သန်းတင့်ဆွေနှင့် ယာဉ်နောက်လိုက် အောင်နိုင်ဦးတို့မှာ ဒဏ်ရာများ(အတွင်းလူနာ၊ မစိုးရိမ်ရ)ရရှိခဲ့ပြီး သေဆုံးသူနှင့် ဒဏ်ရာရသူ နှစ်ဦးအား တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးသို့ ပို့ဆောင်ကုသစစ်ဆေး ခဲ့ကြောင်းနှင့် ယာဉ်အား မဆင်မခြင်မောင်းနှင်သူ သန်းတင့်ဆွေအား ရွှေညောင်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
နိုင်ထွန်း(TGI)
No comments:
Post a Comment