Thursday, June 1, 2017

လိုက်ထရပ်ယာဉ်အား ရွှေမန်းသူခရီးသည်တင်ယာဉ်မှဝင်တိုက်၊ နှစ်ဦးသေ၊ ၁၄ ဦးပြင်းထန်ဒဏ်ရာများရရှိ

Image may contain: outdoor
နေပြည်တော် မေ ၃၁
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ဥတ္တရသီရိမြို့နယ် ပန်းတင်အမြန်လမ်းမ ကြီးရဲစခန်းအပိုင် မိုင်တိုင် (၂ဝ၇/၄) နှင့်(၂ဝ၇/၅)အကြား၌ မေ ၃၁ ရက် နံနက်၂ နာရီခန့်က မန္တလေးမှ ရန်ကုန်သို့ သန်းနိုင်စိုး (နေရပ်လိပ်စာ စုံစမ်းဆဲ) မောင်းနှင်လာသော ယာဉ်အမှတ်6H/----- ရွှေမန်းသူခရီးသည်တင် ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ရှေ့လမ်းစပ်၌ ရပ်ထားသော ယာဉ်အမှတ် 8G/ -----လိုက်ထရပ်၏ နောက်ပိုင်းအားဝင်ရောက်တိုက်မိခဲ့ရာ လိုက်ထရပ် ယာဉ်ပေါ် လိုက်ပါလာသူများအနက် အမျိုးသားနှစ်ဦးမှာ ယာဉ်တိုက်မှု ဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၁၄ ဦးမှာ ပြင်းထန်ထိခိုက် ဒဏ်ရာများရရှိကာ ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် နေပြည်တော် ခုတင် (၁ဝဝဝ) ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
သေဆုံး/ထိခိုက်ဒဏ်ရာရရှိသူများမှာ တွံတေးမြို့နယ် မယ်ပြေကျေးရွာ တွင် နေထိုင်ကြသူများဖြစ်ပြီး အမြန်လမ်းမကြီးတာဝန်ရှိသူများက လိုအပ် သည်များ ကူညီပေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် ရွှေမန်းသူယာဉ်မှာ ကျပ်သိန်း ၂ဝ ဖိုးခန့် ပျက်စီးခဲ့ပြီး လိုက်ထရပ်ယာဉ်မှာ ကျပ်၁၅ သိန်းဖိုးခန့် ပျက်စီးခဲ့သည်။
ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းသန်းနိုင်စိုးအား ပန်းတင်အမြန်လမ်းမကြီးရဲစခန်းက အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(ဖြိုးကိုလင်း)

No comments:

Post a Comment