Wednesday, June 28, 2017

ဓားတစ်ချောင်းနှင့် မသင်္ကာဖွယ်တွေ့ရှိသူအားစစ်ဆေးရာ လုယက်မှု၊ ဆိုင်ကယ်နှင့်ဖုန်းခိုးမှုများ ဖော်ထုတ်အရေးယူနိုင်

Image may contain: one or more people, people sitting and motorcycle
နေပြည်တော် ဇွန် ၂၇
ရှမ်းပြည်နယ် တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးရဲမြင့် ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ယမန်နေ့ ဝဝး၃ဝ နာရီတွင် သက်သေများနှင့်အတူ တောင်ကြီးမြို့ ပေါ်တွင် အုပ်စုဖွဲ့ရမ်းကားမှု၊ ဆိုင်ကယ်ခိုးမှုများနှင့် အခြားခိုးမှုများမဖြစ်ပေါ် စေရေးအတွက် လှည့်ကင်းဆောင်ရွက်နေစဉ် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ ဖျားနာဆောင်အနောက်ဘက်လမ်း၌ မသင်္ကာဖွယ်တွေ့ရှိသည့် တောင်ကြီး မြို့နေ ဟိန်းဇော်ထက်(၁၈)နှစ်ကို စစ်ဆေးရာ ၎င်းလွယ်ထားသည့်လွယ်အိတ် အတွင်းမှ အရိုးအသွား ၁ဝ လက်မခန့်ရှိ ဓားမြှောင်တစ်ချောင်း သိမ်းဆည်းရမိခဲ့ သဖြင့် ၎င်းအား တောင်ကြီးနယ်မြေရဲစခန်းက(ပ) ၅၁/၂ဝ၁၇၊ လက်နက်များ အက်ဥပဒေပုဒ်မ ၁၉(င)ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။ ဟိန်းဇော်ထက်အား ထပ်မံစစ်ဆေးရာ တောင်ကြီးမြို့မဈေး လက်ဖက်ခြောက်ဆိုင်မှ SAMSUNG အမျိုးအစားဟန်းဆက်တစ်လုံး၊ တောင်ကြီးမြို့ ကန်အောက်ရပ်ကွက်တွင် ရပ်ထားသည့် ကုန်တင်ကားပေါ်မှ HUAWEI အမျိုးအစား ဟန်းဆက်တစ်လုံး၊ တောင်ကြီးမြို့နယ်အတွင်းမှ ဆိုင်ကယ်မျိုးစုံငါးစီးကို ခိုးယူခဲ့ကြောင်း၊ ထို့ပြင် တောင်ကြီးမြို့ မင်းကျောင်းအနီး လမ်းဖြတ်ကူးနေသည့် အမျိုးသမီးတစ်ဦးထံမှ ပိုက်ဆံအိတ်တ
စ်လုံး၊ လက်စွပ်တစ်ကွင်း၊ ငွေကျပ် ၁၅ သိန်းကိုလုယူခဲ့ကြောင်း၊ တောင်ကြီးမြို့ တောင်ကြီးလက်ဖက်ရည်ဆိုင်အနီး၌ အမျိုးသမီးတစ်ဦးထံမှ ပိုက်ဆံအိတ်တစ်လုံး၊ ငွေကျပ် ၁၆ သိန်း၊ ရွှေနားကပ်တစ်ရံ၊ ရွှေဆွဲကြိုးတစ်ကုံး တို့ကို လုယူခဲ့ကြောင်း၊ တောင်ကြီးမြို့ တောင်ကြီးကဖေးအနီး၌ အမျိုးသမီး တစ်ဦးထံမှ ပလတ်စတစ်အိတ်နှင့်ထည့်ထားသော ငွေကျပ် ၁ဝ သိန်း၊ ဖုန်း တစ်လုံး၊ ဆွဲကြိုးတစ်ကုံးတို့ကိုလုယူခဲ့ကြောင်း၊ တောင်ကြီးမြို့ အနောက်မြို့ပတ် လမ်း အနောက်ရေထွက်အနီးတွင် အမျိုးသမီးတစ်ဦးထံမှ ပိုက်ဆံအိတ်တစ်လုံး၊ ငွေကျပ်ခြောက်သိန်းတို့ကို လုယူခဲ့ကြောင်း၊ တောင်ကြီးမြို့ အေးသာယာမြို့ မြိုင်သာယာတောအတွင်း၌ စုံတွဲတစ်တွဲထံမှ ဆိုင်ကယ်တစ်စီး၊ ငွေကျပ်သုံးသိန်း၊ ဖုန်းတစ်လုံးတို့ကို လုယူခဲ့ကြောင်း၊ ဇွန် ၂၁ ရက် ညက တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံဖျားနာဆောင်တွင် ရွှေတောင်ရပ်ကွက် တောင်တန်းရှည်လမ်းနေ ထက်မြက်ဦး(၁၈)နှစ်နှင့်အတူ ဖုန်းဝင်ခိုးခဲ့ကြောင်း စစ်ဆေးသိရှိရ၍ ထက်မြက်ဦးအား ဇွန် ၂၄ ရက်တွင် ဖမ်းဆီးရမိခဲ့သဖြင့် သက်သေခံပစ္စည်းများ လိုက်လံသိမ်းဆည်းပြီး အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment