Monday, June 26, 2017

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်




 နေပြည်တော် ဇွန် ၂၅


 ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန် ၂၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်-မန္တလေးအမြန်လမ်း(နေပြည်တော်-မန္တလေးအပိုင်း)ပြုပြင်ထိန်းသိမ်းထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေး၍ ဧရာဝတီတံတား(ရတနာပုံ)သို့ ရောက်ရှိခဲ့ပြီး တံတားကြီးကြံ့ခိုင်မှုအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ သည်။ ဆက်လက်၍ မ္တလေး-စစ်ကိုင်း-ရွှေဘိုလမ်းပြုပြင် ထိန်းသိမ်းထားရှိမှုတို့ကို လမ်းလျှောက်ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးသည် ဇွန် ၂၄ ရက် နံနက်ပိုင်းတွင် ရွှေဘို-မြစ်ကြီးနားလမ်းမကြီး (ရွှေဘို-စံပယ်နံ့သာအပိုင်း)ပြုပြင် ထိန်းသိမ်းထားရှိမှု အခြေအနေကိုလည်းကောင်း၊ စံပယ်နံ့သာ-ကန့်ဘလူလမ်း ပြုပြင်ထိန်းသိမ်းထားရှိမှုကို လည်းကောင်း လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

ထို့နောက် ကန့်ဘလူ-ကျွန်းလှ-ချပ်သင်း-ကောလင်းလမ်းပြုပြင်ထိန်းသိမ်းထားရှိမှု၊ မိုင်တိုင်အမှတ်(၂၄/၃)နှင့် (၂၄/၄) ကြားရှိ ဇော်ချောင်းတံတားကြံ့ခိုင်မှုအခြေအနေကို လည်း ကောင်း၊ မိုင်တိုင်အမှတ်(၃၃/၇)ရှိ ဒေါင်းမြူ ဘေလီတံတား ကြံ့ခိုင်မှုနှင့် ချောင်းရေလမ်းကြောင်းအခြေအနေကိုလည်း ကောင်း၊ ကောလင်း-ဝင်းကြီး-ပင်လည်ဘူး လမ်းပြုပြင်ထိန်းသိမ်း ထားရှိမှုကို လည်းကောင်း လမ်းတစ်လျှောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

ယင်းနောက် မူးမြစ်ကူးတံတား(ပင်လည်ဘူး)ကြံ့ခိုင်မှု အခြေအနေကို ပင်လည်ဘူး-ဖောင်းပြင်လမ်းအား ရာသီမရွေး သွားလာနိုင်ရန် သီးသန့်ရန်ပုံငွေ ဖြင့် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ခရိုင်အဖွဲ့၊အထူးအဖွဲ့များနှင့် ကုမ္ပဏီ ၁၁ ဖွဲ့တို့ ပူးပေါင်းပြီး စက်၊ ယာဉ်၊ ယန္တရားများ၊ လူအင်အားများဖြင့်ွမေိန နှိပ်ချခြင်း၊ အမာခံလမ်းရရှိအောင် ဆောင်ရွက်ခြင်း၊ ကျောက်ခင်းခြင်းနှင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ အပိုင်းလိုက် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုး တိုးတက်ရန်$နှင့် ပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေစေ ရန် နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်နှင့်အညီ ဆောက်လုပ်ရေး ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ပြီး ခရိုင်အဖွဲ့၊ အထူးအဖွဲ့ များနှင့် ကုမ္ပဏီ ၁၁ ဖွဲ့တို့ ပူးပေါင်းပြီး စက်၊ ယာဉ်၊ ယန္တရားများ၊ လူအင်အားအပြည့်ဖြင့် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းပမာဏ ၇၆ ရာခိုင်နှုန်းပြီးစီးပြီး သြဂုတ်လဒုတိယပတ်တွင် လုပ်ငန်း အားလုံးပြီးစီးရေးအတွက် အရှိန်အဟုန်ဖြင့် တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။

ချင်းတွင်းအထက်ပိုင်းဒေသများဖြစ်သည့် ဟုမ္မလင်း၊ ခန္တီး၊ လေရှီး၊ လဟယ်၊ ထမံသီး၊ ဖောင်းပြင်၊ နောင်ပိုအောင်၊ နတ်နန်း၊ ဆယ်ဇင်း စသည့်ဒေသများမှ လုပ်သားပြည်သူများသည် ယခင် က ရေလမ်းကြောင်း တစ်ခုတည်းကိုသာ အသုံးပြု၍ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများသို့ ဆက်သွယ်သွားလာခဲ့ရသည်။ ယခု အခါ သက္ကယ်ကျင်း၊ ဖောင်းပြင်-ဟုမ္မလင်း လမ်းပေါ်ရှိ ရောင်ဟီး ရွာ မိုင် ၁၂ဝ မှတစ်ဆင့် ဖောင်းပြင်-ပင်လည်ဘူးလမ်းကို အသုံး ပြု၍ ကုန်းလမ်းဖြင့် ပင်လည်ဘူးမြို့သို့ ရာသီမရွေးသွားလာနိုင် မည်ဖြစ်သည်။ ပင်လည်ဘူးမြို့မှ ကောလင်း-ကျွန်းလှ-ချပ်သင်း လမ်းမှ တစ်ဆင့်၊ ရွှေဘို၊ မုံရွာ၊ မ္တလေးစသောမြို့ကြီးများသို့ လည်းကောင်း၊ ကျောက်တန်းမှတစ်ဆင့် မြစ်ကြီးနား၊ မ္တလေး မြို့ကြီးများသို့ လည်းကောင်း၊ ရာသီမရွေး၊ အချိန်မရွေး သွားလာ နိုင်တော့မည်ဖြစ်သည်။

ဖောင်းပြင်-ပင်လည်ဘူးလမ်းပြီးစီးသွားပါက သက္ကယ် ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းမှတစ်ဆင့် ဖောင်းပြင်-ပင်လည်ဘူးလမ်းကို အသုံးပြုပြီး ရွှေဘို-မြစ်ကြီးနားလမ်းသို့ အချိန်တိုအတွင်း လွယ်ကူစွာဆက်သွယ်နိုင်မည်ဖြစ်ကာ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့်အညီ ဒေသ၏စီးပွား ရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတို့ အဘက်ဘက်မှ ဖွံ့ဖြိုး တိုးတက်လာတော့မည်ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်းသို-အင်းတော် လမ်းပြုပြင်ထိန်းသိမ်းထားရှိမှုနှင့် အဆိုပါလမ်းပေါ်ရှိ မဲဇာတံတား ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကြံ့ခိုင်ရေးအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ (သတင်းစဉ်)

No comments:

Post a Comment