လတ်တလောမှာ မြန်မာနိုင်ငံမှာလည်း ထုတ်လွှင့်ပြသလျက် ရှိပြီး တောင်ကိုရီးယားနိုင်ငံမှာ ထုတ်လွှင့်ခဲ့ချိန်မှာလည်း အလွန်အောင်မြင်ခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွဲရုပ်ရှင် ''Goblin''ရဲ့ ဇာတ်ဆောင်မင်းသား ဂွန်ရိုးဟာ ရုပ်ရှင်ရဲ့ အောင်မြင်မှုနဲ့အတူ ဒေသတွင်းမှာသာမက အာရှနိုင်ငံတွေ မှာပါ ကျော်ကြားတဲ့ မင်းသားတစ်ဦးဖြစ်လာခဲ့ပြီး မကြာ သေးမီက ဘီဘီစီသတင်းဌာနနဲ့ အင်တာဗျူးတစ်ခု ပြုလုပ် ခဲ့ပါတယ်။
အဆိုပါ အင်တာဗျူးကို ပြီးခဲ့တဲ့ မေ ၂၉ ရက်မှာ ဘီဘီစီရဲ့အစီအစဉ်တစ်ခုဖြစ်တဲ့ ''Asia Talk''မှာ ထုတ် လွှင့်ခဲ့ပြီး ဂွန်ရိုးရဲ့ ဘဝ၊ အနုပညာလှုပ်ရှားမှုတွေနဲ့ ပုဂ္ဂိုလ် ရေးရာအကြောင်းအရာတွေကို မေးမြန်းဖြေကြားခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဖြေကြားခဲ့ရာမှာ ဂွန်ရိုးက သူ့ရဲ့ဘဝ အိပ်မက်ဟာ ရုပ်ရှင်မင်းသားတစ်ယောက်ဖြစ်လာဖို့မဟုတ် ကြောင်းနဲ့ ရည်ရွယ်ချက်မရှိဘဲ ရုပ်ရှင်မင်းသားတစ်ဦးဖြစ် လာခဲ့တာဖြစ်ကြောင်း ဖြေကြားခဲ့တာဖြစ်တယ်လို့ ကေပေါ့ပ်စတားဇ်ဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါ တယ်။
ဘီဘီစီနဲ့ ပြုလုပ်ခဲ့တဲ့ မိနစ် ၃ဝ ကြာ အင်တာဗျူးမှာ တော့ ဂွန်ရိုးကို ငယ်စဉ်ကတည်းက မင်းသားဖြစ်ချင်တဲ့ ဆန္ဒမရှိခဲ့ကြောင်း၊ တက္ကသိုလ်မှာ ကဇာတ်ရုံဘာသာရပ်ကို အထူးပြုဘာသာအဖြစ်ယူခဲ့ကြောင်း၊ သို့သော်သရုပ်ဆောင် ဖြစ်လိုတဲ့ဆန္ဒမရှိခဲ့ကြောင်း၊ ယင်းဘာသာရပ်ကို သင်ယူ နေရင်း သရုပ်ဆောင်ဖြစ်လိုကြတဲ့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံခဲ့ရကာ မင်းသားဖြစ်လိုတဲ့ အိပ်မက်တွေရှိလာခဲ့တာ ဖြစ်ကြောင်း ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ဂွန်ရိုးက တက္ကသိုလ်မှာ သင်ယူနေရင်းက လူတွေရဲ့ ခံစားချက်တွေကို အမူအရာနဲ့ ထုတ်ဖော်ပြသရတဲ့ ပညာကို သူ့အနေနဲ့ ပိုမိုစိတ်ဝင်စားလာခဲ့ကြောင်းနဲ့ လေ့လာရင်းက ကိုယ်တိုင်လည်း မင်းသားဖြစ်နိုင်ကြောင်း အတွေးဝင်ခဲ့ပေမယ့် တကယ်လက်တွေ့လုပ်ဆောင်ဖို့ရာ တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိခဲ့ကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။
ဆက်လက်ပြီး ဂွန်ရိုးက ကျော်ကြားတဲ့ ကြယ်ပွင့် တစ်ဦးမဖြစ်မီက သူ့ရဲ့သာမန်ဘဝနဲ့ပတ်သက်ပြီးလည်း မေးမြန်းခဲ့သည်များကို ဖြေကြားပေးခဲ့ပါတယ်။ ဂွန်ရိုးက သူဟာ လမ်းလျှောက်ထွက်ရတာကို နှစ်သက်ကြောင်း၊ အချိန်အကြာကြီး လမ်းလျှောက်ထွက်ရင်းက လမ်းဘေး မှာရောင်းချတဲ့ စားစရာတွေကို စားရတာကိုလည်း အလွန်ကြိုက်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ယခုလို အောင်မြင်တဲ့သူတစ်ဦးဖြစ်လာတဲ့အခါ ဘဝမှာ အများဆုံးလွဲချော်ခဲ့ရတဲ့အရာတွေဟာ သူအလွန် နှစ်သက်တဲ့အရာတွေပဲဖြစ်နေကြောင်းလည်း ဂွန်ရိုးက ဆိုပါတယ်။ ကျော်ကြားသူတစ်ဦးအနေနဲ့ လမ်းဘေးမှာ တစ်ယောက်တည်း အေးအေးဆေးဆေးလမ်းလျှောက်ဖို့ ရာမဖြစ်နိုင်တော့သလို လမ်းဘေးဆိုင်မှာ စားသောက် ဖို့ရာဟာလည်း အခွင့်အရေးမရှိတော့ကြောင်း ရင်ဖွင့် ခဲ့ပါတယ်။ ပရိသတ်တွေအနေနဲ့ သူ့ရဲ့ကိုယ်ပိုင်လွတ်လပ် ခွင့်ကို လေးစားစေလိုပေမယ့် လက်တွေ့မှာတော့ ယခု အချိန်အထိ မဖြစ်နိုင်သေးဘူးလို့လည်း မင်းသားက ပြောကြားခဲ့ပါတယ်။
ဂွန်ရိုးဟာ ''Goblin''ရုပ်ရှင်နဲ့အတူ သူ့ရဲ့ အောင်မြင်မှုကြောင့် တစ်လအတွင်း အာရှတစ်လွှားက နိုင်ငံပေါင်းခုနစ်နိုင်ငံမှာ ထုတ်ဝေခဲ့တဲ့ ''Esquire''မဂ္ဂဇင်းကြီးရဲ့ မျက်နှာဖုံးရှင်အဖြစ် ဖော်ပြခြင်းခံခဲ့ရပါ တယ်။ ယင်းအာရှနိုင်ငံတွေကတော့ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ စင်ကာပူ၊ မလေးရှား၊ ဟောင်ကောင်၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ပဲ ဖြစ်ကြပါတယ်။
ဒီလိုမျက်နှာဖုံးရှင်တစ်ဦးတည်းကို နိုင်ငံပေါင်း ခုနစ်နိုင်ငံမှာ တစ်ပြိုင်နက်အသုံးပြုခဲ့ခြင်းဟာ ပထမ ဆုံးအကြိမ်ဖြစ်ပြီး ဇွန်လထုတ်မဂ္ဂဇင်းအတွက် အသုံးပြု ခဲ့ခြင်းဖြစ်ကာ အခြားသော အာရှနိုင်ငံတွေဖြစ်ကြတဲ့ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့အတွက် ထုတ်လုပ်သွား မယ့် မဂ္ဂဇင်းတွေမှာလည်း ဂွန်ရိုးအကြောင်းကို ထည့်သွင်းဖော်ပြသွားမှာဖြစ်တယ်လို့လည်း သိရပါ တယ်။
No comments:
Post a Comment