Wednesday, June 28, 2017

ဓနုတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့ မြေပြန့်ဒေသဘုရားထီးတင်ပွဲများတွင် အခမဲ့လာရောက်ကပြ

Image may contain: 1 person, standing and outdoor
မန္တလေး ဇွန် ၂၇
တောင်ကြီးမြို့နယ် လူရိုးတောင်ကျေးရွာမှ ဓနုတိုင်းရင်းသားရိုးရာအက
အဖွဲ့မှာ မြေပြန့်ဒေသဘုရားထီးတင်ပွဲများတွင် အခမဲ့လာရောက်ကပြခြင်း
များကို ပြုလုပ်လာသည်။ သာသာနာပြုသည့်ပွဲများဖြစ်သည့်အတွက် လာရောက်ကပြဖျော်ဖြေခြင်းပင်ဖြစ်သည်။ မြေပြန့်ဒေသတွင်ပြုလုပ်သော ရှင်ပြုနားသအလှူပွဲများတွင်လည်း ကုသိုလ်ဖြစ် အခမဲ့ဖျော်ဖြေကာ ကုသိုလ်ယူမည်ဖြစ်ကြောင်း သိရသည်။
အလှူရှင်များမှာ ကားဆီဖိုးမျှသာ ပေးရသည်။ ကပြဖျော်ဖြေမှုမှရရှိသော ဆုကြေးငွေများကိုသာ ယူလေ့ရှိသည်။ ဓနုတိုင်းရင်းသားရိုးရာအကအဖွဲ့တွင် အိုးစည်တီးသူနှင့် ကပြဖျော်ဖြေသူအပါအဝင် လူငယ် ၃၃ ဦးပါဝင်သည်။ လက်ရှိကာလတွင် အမရပူရမြို့နယ်ရှိ ဘုရားထီးတင်ပွဲများတွင် အခမဲ့လာရောက်ဖျော်ဖြေပေးလျက်ရှိသည်။ မြေပြန့်ဒေသမှလည်း ဓနုတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများကို အားပေးသူများပြားလျက်ရှိကြောင်း သိရသည်။
တိမ်တမန်

No comments:

Post a Comment