Monday, May 1, 2017

v

No automatic alt text available.
နေပြည်တော် ဧပြီ ၃ဝ
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့်မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ဧပြီ ၂၉ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၁ဝ၄၂ စီး၊ သွင်းကုန် ၆၂၈ စီး၊ ရန်ကုန်-မြဝတီလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန်အစီး ၄ဝ၊ သွင်းကုန် ၂၁၁ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိသည်။
အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့သော ကုန်ပစ္စည်းများ ကို စစ်ဆေးမှု ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၉ ရက်တွင် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းက တားဆီးမှု လေးမှု ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၈ ဒသမ၂၆ သန်းခန့်နှင့် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု ကိုးမှု ခန့်မှန်းတန်ဖိုးငွေကျပ် ၈၈ ဒသမ ၁ဝ၆၈ သန်းခန့် စုစုပေါင်း ၁၃ မှု ခန့်မှန်း တန်ဖိုးငွေကျပ် ၂၂၆ ဒသမ ၃၆၆၈ သန်းခန့် သိမ်းဆည်းရမိကြောင်း သိရသည်။
ထူးခြားဖမ်းဆီးမှုအနေဖြင့် ဧပြီ ၂၈ ရက်တွင် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်းအနီး မိုင်တိုင်အမှတ်(၉၇/၄)၌ ခြောက်ဘီးယာဉ်နှစ်စီးအား သတင်းရရှိ၍ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေး အဖွဲ့က ရှောင်တခင်သွားရောက်စစ်ဆေးခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသော ကျွန်းသစ်ခွဲသား အရွယ်အစားမျိုးစုံ ၃၇၁ ချောင်း(၉ ဒသမ ၂ဝ၈၂ တန်ခန့်)နှင့် သယ်ဆောင် သည့် ယာဉ်နှစ်စီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃ ဒသမ ၃ဝ၂ သန်းခန့်ကို တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment