Monday, May 1, 2017

မြစ်သားမြို့နယ်တွင် မိုးရွာပြီး လေပြင်းများတိုက်ခတ်

Image may contain: one or more people, tree and outdoor
မြစ်သား ဧပြီ ၃ဝ
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် ဧပြီ ၂၉ ရက် နံနက် ၁၁ နာရီမှ မွန်းလွဲ ၂ နာရီအထိ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခြင်း၊ မိုးသီး ကြွေခြင်းတို့ကြောင့် ရပ်ကွက်/ကျေးရွာ ၁၇ ခု၊ အိမ်ခြေ ၁၈၈ အိမ်တို့ လေဘေးသင့်ကာ အိမ်အမိုးများလန်ခြင်း၊ သစ်ပင်များလဲခြင်း၊ မြို့တွင်းဓာတ်တိုင်များနှင့် မဟာ ဓာတ်အားလိုင်းမှ တာဝါတိုင် လေးတိုင်လဲခြင်း၊ ကြော်ငြာ ဆိုင်းဘုတ်ကြီးများလဲခြင်း၊ သစ်ပင်ပိ၍ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။
လေဘေးသင့်နေရာများသို့ သံချပ်ကာပြင်ဆင်ရေးတပ်၊ သံချပ်ကာသင်တန်းကျောင်း၊ လေကြောင်းရန်တပ်၊ တင့်ကားတပ်ရင်းများမှ အရာရှိစစ်သည်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မီးသတ်ကယ်ဆယ်ရေးတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များကလည်းကောင်း၊ မဟာဓာတ်အား လိုင်း တာဝါတိုင်များသို့ ကျောက်ဆည်ခရိုင် လျှပ်စစ် မန်နေဂျာနှင့်အဖွဲ့တို့ကလည်းကောင်း သွားရောက် ရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲဝင်းထွန်း(မြစ်သား)

No comments:

Post a Comment