Monday, May 1, 2017

လူ့အခွင့်အရေးရပိုင်ခွင့်များကို လေးစားလိုက်နာကာ အကြမ်းဖက်မှုများကို အဆုံးသတ်ကြရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း






 
ဗာတီကန် ဧပြီ ၃ဝ


လူ့အခွင့်အရေးရပိုင်ခွင့်များကို လေးစားလိုက်နာကာ ဗင်နီဇွဲ လားနိုင်ငံတွင်ဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက်မှုများကို အဆုံးသတ်ကြရန် ပုပ်ရဟန်းမင်းကြီးဖရန်စစ်က တနင်္ဂနွေ နေ့တွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။

 
ယခုလအတွင်း ဗင်နီဇွဲလားနိုင်ငံတွင် ဆူပူမှုများဖြစ်ပွား ကာ လူ ၃ဝ နီးပါး သေဆုံးခဲ့ရသည်။ ပုပ်ရဟန်းမင်းကြီးဖရန်စစ် သည် စိန့်ပီတာရင်ပြင်၌ လူထောင်ပေါင်းများစွာတို့ကို ပြောကြားသည့် မိန့်ခွန်းတွင် ယင်းသို့ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

 
ပြည်သူလူထုအကြားတွင် တောက်လောင်နေဆဲဖြစ်သည့် လူသားချင်းစာနာထောက်ထားမှု ကင်းမဲ့မှုများ၊ လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေး ပဋိပက္ခဖြစ်ပွားနေမှုများအပေါ် ပုပ်ရဟန်းမင်းကြီးက ရှုတ်ချခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံတွင် အတိုက်အခံအဖွဲ့အစည်းများသည် ဥပဒေပြုလွှတ်တော်ကို စီမံပိုင်ခွင့်အတွက် ရွေးကောက်ပွဲ ကျင်းပရန် တောင်းဆိုလျက်ရှိပြီး ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မဒူရိုအစိုးရအဖွဲ့က ဖမ်းဆီးထောင်ချထားသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ရာကျော်ကို လွှတ်ပေးရေး တောင်းဆိုလျက်ရှိသည်။

 
ဖမ်းဆီးထောင်ချခြင်းခံထားရသူ အစွန်းရောက်အတိုက် အခံအဖွဲ့အစည်းဖြစ်သည့် Popular Will Party ခေါင်းဆောင် လီယိုပိုဒိုလိုပက်စ်နှင့်အဖွဲ့သားများကို နိုင်ငံရေး အကျဉ်းသားများအဖြစ် ဖမ်းဆီးလိုက်ခြင်းသည် သမ္မတ မဒူရို အနေဖြင့် အာဏာရှင်အဖြစ်သို့ တိမ်းစောင်းလာမှုကိုဖော်ပြ သည့် သင်္ကေတပင်ဖြစ်ကြောင်း ယင်းပါတီကိုထောက်ခံသူ များက ပြောကြားခဲ့သည်။

 
မည်သည့်အကြမ်းဖက်မှုပုံစံမျိုးကိုမဆို ရှောင်ရှားကာ လူ့အခွင့်အရေးကို လေးစားကြရန်နှင့် ညှိနှိုင်းဆွေးနွေးမှုဖြင့်သာ အဖြေရှာကြရန် ဗင်နီဇွဲလား လူ့အဖွဲ့အစည်းအတွင်း နေထိုင်ကြသည့် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံးကို လှိုက်လှိုက်လှဲလှဲ မေတ္တာရပ်ခံလိုကြောင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ပြောကြားခဲ့သည်။
(ရိုက်တာ)

No comments:

Post a Comment