Monday, May 1, 2017

ဝေါမြို့နယ်၌ နွေစပါး SRI စံပြကွက် ၁၅ ဧကရိတ်သိမ်း

Image may contain: one or more people, people standing, sky, grass, outdoor and nature
ဝေါ ဧပြီ ၃ဝ
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ် ၂ဝ၁၆-၂ဝ၁၇ ခုနှစ် နွေစပါးရာသီတွင် ကျိုက်လှကျေးရွာမှ တောင်သူ ဒေါ်ရီစိန်၏ ကွင်းအမှတ်(၆၈၇-က)ရှိ တစ်ကွင်းတစ်စပ်တည်း(SRI) စိုက်ပျိုး နည်းစနစ်ဖြင့် စိုက်ပျိုးထားသောGW1 ပုလဲသွယ်စပ်မျိုးစပါး ၁၅ ဧက စံကွက်ရိတ်သိမ်းပွဲကို ဧပြီ ၂၄ ရက်က ကျင်းပရာ သုည ဒသမ ၁ဝ စံကွက်အတွက် ၁၆၅ ဒသမ ၃၂ တင်းနှုန်း(အခြောက်) ထွက်ရှိကြောင်း သိရသည်။
အဆိုပါစံကွက်ရိတ်သိမ်းပွဲအခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင်ထွန်း၊ ညွှန်ကြားရေးမှူး ဦးသူရစိုး၊ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးလှမြင့်နှင့် တိုင်းဒေသကြီး/ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဝေါမြို့နယ်စိုက်ပျိုးရေး၊ မြေစာရင်းဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသော တောင်သူ များ စုစုပေါင်း ၁၂၆ ဦးခန့် တက်ရောက်လေ့လာခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment