Monday, May 1, 2017

အန်ဒရီယာဘာလော့တီအား ခေါ်ယူရန် မန်ယူနှင့် ချယ်လ်ဆီးအပြိုင်ဖြစ်နေ

Image may contain: 1 person
ပရီမီယာလိဂ်ကလပ်အသင်းများဖြစ်ကြသည့် မန်ယူအသင်းနှင့် ချယ်လ်ဆီးအသင်း တို့သည် တိုရီနိုအသင်း တိုက်စစ်မှူး အန်ဒရီယာဘာလော့တီအား ခေါ်ယူရန်
အပြိုင်ကြိုးပမ်းလျက်ရှိကြောင်းသိရသည်။ တိုက်စစ်မှူး ဘာလော့တီသည် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလတွင် စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်သက်တမ်းမှာ ၂ဝ၂၁ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။
ဘာလော့တီသည် ၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အီတလီအသင်းနှင့်အတူ ပါဝင်လာမည်ဖြစ်ပြီး လက်ရှိတွင် လည်း တိုရီနိုအသင်းတွင် ခြေစွမ်းပြကစားနိုင် ခဲ့ခြင်းကြောင့် အီတလီပြင်ပရှိ ကလပ်အသင်းများက ပြောင်းရွှေ့ကြေး ယူရို သန်း ၁ဝဝ ပေး၍ခေါ်ယူရန်ပစ်မှတ်ထားခြင်းခံခဲ့ရသည်။
''ဘယ်ကစားသမားမဆို ကမ္ဘာ့ဖလားမှာ ကစားချင်ကြသလို ချန်ပီယံလိဂ်ဝင်ခွင့် ရတဲ့အသင်းမှာ ကစားချင်ကြပါတယ်''ဟု တိုက်စစ်မှူး ဘာလော့တီိက ဆိုသည်။ သို့ရာတွင် ဘာလော့တီအနေဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်ရအသင်းတွင် ကစားရန် ဆန္ဒရှိနေသော်လည်း အပြောင်းအရွှေ့နှင့် ပတ်သက်၍ စဉ်းစားဆုံးဖြတ်သွားမည်ဟု ဆိုသည်။
(ငွေကြယ်)

No comments:

Post a Comment