Monday, May 1, 2017

အောင်ပွဲရ အားကစားအဖွဲ့များအား ဂုဏ်ပြုဆုချီးမြှင့်

Image may contain: 6 people, people standing, wedding and indoor
ရန်ကုန် ဧပြီ ၃ဝ
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂ဝ၁၆ ခုနှစ် တိုင်း ဒေသကြီးနှင့် ပြည်နယ် အားကစား ပြိုင်ပွဲများတွင် တံခွန်စိုက်ဆုဖလား ၂၁ ခု၊ ရွှေတံဆိပ် ၈၅ ခု ရရှိခဲ့ကြ သည့် အားကစားအဖွဲ့များအား ဂုဏ်ပြုခြင်းနှင့် ၂ဝ၁၇ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစား ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အား ကစားအဖွဲ့များအား အောင်နိုင် ရေးအလံ ပေးအပ်ပွဲကို ဧပြီ ၂၉ ရက် မွန်းလွဲပိုင်းက ရန်ကုန် တိုင်းဒေသကြီး အစိုးရရုံး၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက ဂုဏ်ပြုအမှာစကား ပြောကြားပြီး တိုက်ကွမ်ဒို၊ ဘော်လီဘော၊ ရိုးရာလက်ဝှေ့၊ ဗိုဗီနမ်မြန်မာ့သိုင်း၊ ကရာတေး ဒို၊ စားပွဲတင်တင်းနစ်၊ လှေလှော်၊ နပန်း၊ ပြေးခုန်ပစ်၊ အေရိုးဗစ် တံခွန်စိုက်စွယ်စုံဆု၊ အမျိုးသား အမျိုးသမီးတံခွန် စိုက်ဖလားဆု စသည့် တံခွန် စိုက်ဖလားဆုများကို တိုင်း ဒေသကြီး ဆပ်ကော်မတီဥက္ကဋ္ဌ များ၊ တိုင်းအမျိုးသမီးအားကစား ဆပ်ကော်မတီအတွင်းရေးမှူး တို့က ဝန်ကြီးချုပ်၊ ဝန်ကြီးများ နှင့် တိုင်းဒေသကြီး အမျိုးသမီး အားကစားဆပ်ကော်မတီဥက္ကဋ္ဌ တို့ထံ ပေးအပ်ရာ ဂုဏ်ပြုဆု ငွေများ ပြန်လည်ချီးမြှင့်ခဲ့ကြ သည်။
ထို့နောက် ဝန်ကြီးချုပ်က ၂ဝ၁၇ ခုနှစ် အားကစားပြိုင်ပွဲ များအတွက် ရန်ကုန်တိုင်း ဒေသကြီး အားကစားအဖွဲ့သို့ အောင်နိုင်ရေးအလံပေးအပ်ပြီး ပြိုင်ပွဲဝင်ကြမည့်အားကစားအဖွဲ့များအား လိုက်လံနှုတ်ဆက်ခဲ့ ကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment