Monday, May 29, 2017

အင်္ဂလန် ချန်ပီယံရှစ် Play-off ဗိုလ်လုပွဲ ရီဒင်းတို့ အောင်ပွဲခံနိုင်ပါ့မလား




မိုးမြင့်လင်းလက်


၂ဝ၁၆-၂ဝ၁၇ ဘောလုံးရာသီရဲ့ ဥရောပလိဂ်ပွဲစဉ်တွေကတော့ လက်ပြနှုတ်ဆက်သွားခဲ့ပြီဖြစ်ပါတယ်။ အင်္ဂလန်မှာတော့ ကမ္ဘာ့ ဘောလုံးပရိသတ်တွေရဲ့ စိတ်နှလုံးကို ဆွဲကိုင်လှုပ်ရမ်းနိုင်တဲ့ ပရီမီယာလိဂ်ပွဲစဉ်တွေပြီးဆုံးသွားခဲ့ပေမယ့် ချန်ပီယံရှစ် Play-off ဗိုလ်လုပွဲက ပရိသတ်တွေကို ဆွဲဆောင်မှုပေးဦးမှာ ဖြစ်ပါ တယ်။ ဒီပွဲစဉ်ကိုတော့ မေ ၂၉ ရက် ညပိုင်းမှာ ကစားမှာဖြစ်တာ မို့ ပရိသတ်တွေအတွက် ပွဲကောင်းအဖြစ် အားပေးကြရဦးမှာ ဖြစ်ပါတယ်။
အင်္ဂလန် ချန်ပီယံရှစ် Play-off ဗိုလ်လုပွဲကို ဟတ်ဒါဖီးလ် နဲ့ ရီဒင်းတို့ ကစားကြမှာဖြစ်လို့ ဘယ်အသင်းအသာစီးရအောင် အားထုတ်သွားမလဲ ကြည့်ရမှာဖြစ်ပါတယ်။ အင်္ဂလန်ချန်ပီယံ ရှစ် Play-offဗိုလ်လုပွဲရဲ့ နောက်ဆုံးငါးနှစ် ကစားခဲ့တဲ့ မှတ်တမ်း ကိုကြည့်ရင် ၂ဝ၁၂ ခုနှစ်မှာ ဘလက်ပူးနဲ့ ဝက်စ်ဟမ်းတို့ ယှဉ်ပြိုင် ခဲ့ကြပြီး ဝက်စ်ဟမ်းက နှစ်ဂိုး-တစ်ဂိုးနဲ့ နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။
၂ဝ၁၃ ခုနှစ်မှာတော့ ပဲလေ့စ်နဲ့ ဝက်ဖို့ဒ်တို့ တွေ့ဆုံခဲ့ရာမှာ ပွဲချိန်မိနစ် ၉ဝ မှာတော့ ဂိုးမရှိသရေပွဲဖြစ်ခဲ့ပေမယ့် အချိန် ၄ဝ ကစားခဲ့ရာ ပဲလေ့စ်အသင်းက တစ်ဂိုး-ဂိုးမရှိနဲ့ နိုင်ခဲ့ပါတယ်။ ၂ဝ၁၄ ခုနှစ်မှာတော့ ကျုပီအာနဲ့ ဝီဂန်တို့ကစားခဲ့ကြပြီး ပွဲချိန် ပြည့်တဲ့အထဲ တစ်ဂိုးစီ သရေပွဲဖြစ်နေခဲ့လို့ အချိန်ပိုကစားခဲ့ရာ မှာ ကျုပီအာတို့က နှစ်ဂိုး-တစ်ဂိုးနဲ့ နိုင်ပွဲရခဲ့ပါတယ်။ ၂ဝ၁၅ ခုနှစ်မှာတော့ နောဝှစ်ခ်ျနဲ့ အစ်ဆွစ်အသင်းတို့ ကစားခဲ့ရာမှာ နော့ဝှစ်ခ်ျက သုံးဂိုး-တစ်ဂိုးနဲ့ နိုင်ပွဲရခဲ့သလို ၂ဝ၁၆ ခုနှစ်မှာ တော့ ဟားလ်စီးတီးနဲ့ ချက်ဆီးအသင်းတို့ ကစားခဲ့ရာမှာ ဟားလ်စီးတီးက တစ်ဂိုး-ဂိုးမရှိနဲ့ နိုင်ပွဲရခဲ့ပါတယ်။
ဒီနှစ်အတွက်ကတော့ ဟက်ဒါဖီးလ်နဲ့ ရီဒင်းတို့ရဲ့ ခြေစွမ်း အနေအထားကိုကြည့်ရင် နှစ်သင်းစလုံး ခြေစွမ်းကွာဟမှုရှိနေ ပါတယ်။ ဟက်ဒါဖီးလ်ရဲ့ ခြေစွမ်းက အတက်အကျမြန်ပြီး သရေ ပွဲတွေ ဆက်တိုက်ဖြစ်နေရာက နိုင်ပွဲကို ရအောင် ပြန်လည်ဖော် ထုတ်ဖို့ ကြိုးစားမှာဖြစ်ပါတယ်။ ဘာမင်ဂမ်နဲ့ ကာဒစ်တို့ကို ဆက်တိုက်ရှုံးခဲ့ပေမယ့် ရှက်ဖီးလ်အသင်းကို နှစ်ကျော့စလုံး သရေပွဲ ကစားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဟက်ဒါဖီးလ်ရဲ့ တိုက်စစ်မှူးတွေက နောက်ဆုံး ငါးပွဲမှာ နှစ်ဂိုးသာ သွင်းယူနိုင်ခဲ့တာကတော့ အားရစရာမရှိ နိုင်ပါဘူး။ ဟက်ဒါဖီးတိုက်စစ်မှူးတွေဟာ အဆုံးသတ်မကောင်း သလို ပြိုင်ဘက်ဂိုးဧရိယာထဲရောက်ရင် ဘောလုံးဆုံးရှုံးမှုများ နေဆဲဖြစ်တာမို့ ပြင်ဆင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဟက်ဒါဖီးလ် ခံစစ်မှူးတွေကလည်း ပြိုင်ဘက်တိုက်စစ်မှူးတွေက အရှိန်အ ဟုန်နဲ့ ထိုးဖောက်တိုက်စစ်ဆင်လာရင် ဟန့်တားထိန်းချုပ်နိုင် မှု အားနည်းတတ်ပါတယ်။ ဒါ့အပြင် ဟက်ဒါဖီးလ်တို့ ဒီပွဲမှာ သိပ်တော့မလွယ်ပါဘူး။
ရီဒင်းတို့ရဲ့ ခြေစွမ်းကတော့ နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲ ရလဒ်ကိုကြည့်ရင် နော်တင်ဟမ်ကိုသာ ရှုံးခဲ့ပြီး ဝီဂန်နဲ့ ဘာ တန်ကို နိုင်ကာ ဖူလ်ဟမ်အသင်းကို နှစ်ကျော့စလုံး တစ်ပွဲနိုင် တစ်ပွဲသရေတွေရအောင် အားထုတ်နိုင်ခဲ့ပါတယ်။ ရီဒင်းတိုက် စစ်မှူးတွေဟာ နောက်ဆုံး ငါးပွဲမှာ သွင်းဂိုး ကိုးဂိုးရှိခဲ့တာမို့ ဂိုး သွင်းစွမ်းဆောင်မှု မထက်မြက်ပေမယ့် ဟက်ဒါဖီးလ်အသင်း ထက်တော့ ပိုမိုကောင်းမွန်တာတွေ့ရပါတယ်။
ရီဒင်းရဲ့ ခံစစ်ပိုင်းကတော့ ဟက်ဒါဖီးလ် ခံစစ်နဲ့ သိပ်တော့ မကွာလှပါဘူး။ ရီဒင်းရဲ့ ခံစစ်မှူးတွေဟာ စိုးရိမ်စိတ်များနေ တတ်ပြီး ပြိုင်ဘက်တိုက်စစ်မှူးတွေကို ထိန်းချုပ်ဟန့်တားရာ မှာ သေသပ်မှုမရှိဘဲ အမှားများနေတတ်ပါတယ်။ ဂိုးဧရိယာ အတွင်းမှာ ဘောလုံးရှင်းထုတ်ရာမှာ ချိန်ဆမှုများပြီး မြန်ဆန် တဲ့ လှုပ်ရှားမှုအပိုင်းမှာ အားနည်းပါတယ်။
ဒါကြောင့် ခံစစ်ပိုင်း စွမ်းဆောင်မှု တူညီနေပေမယ့် တိုက် စစ်ပိုင်းထက်မြက်တဲ့ ရီဒင်းတို့ အသာစီးရသွားနိုင်ပါတယ်။ ဟက်ဒါဖီးလ်နဲ့ ရီဒင်းတို့ နောက်ဆုံးငါးပွဲ တွေ့ဆုံခဲ့တဲ့ရလဒ်ပိုင်း ကိုကြည့်ရင် ဟက်ဒါဖီးလ်က နှစ်ပွဲနိုင်ခဲ့သလို ရီဒင်းတို့လည်း နှစ်ပွဲနိုင်ကာ သရေတစ်ပွဲဖြစ်ထားခဲ့ပါတယ်။ နှစ်သင်းစလုံးရဲ့ အားထုတ်မှုက တူညီတဲ့ရလဒ်ထွက်ပေါ်ခဲ့တဲ့ မှတ်တမ်းရှိနေပေ မယ့် လောလောဆယ်မှာ နိုင်ပွဲတွေဆက်တိုက်ရရှိနေတဲ့ ရီဒင်း တို့ အောင်ပွဲခံနိုင်သလို သရေပွဲလည်း ဖြစ်သွားနိုင်ပါတယ်။ ။

No comments:

Post a Comment