
ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန် မြို့နယ် ဖော့ကန်ရပ်ကွက် အုပ်ချုပ် ရေးမှူးပါ ဆယ်အိမ်စုမှူး (ရာအိမ်မှူး) ၃၅ ဦးတို့က မတည်ပြီး ရပ်ကွက် အတွင်းရှိ မူလတန်း၊ အလယ်တန်း၊ ကျောင်းသား ကျောင်းသူ ၁၅၅ ဦးတို့ အား ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် ကျောင်းဖွင့်အမီ ဗလာစာအုပ် ၁၅၅ ဒါဇင်နှင့် ကျောင်းသုံးအထောက် အကူပစ္စည်းများဖြစ်သည့် ခဲဆံ ဘောပင် ၊ ဘောပင်၊ ပေတံ၊ ခဲဖျက်၊ ကွန်ပါဘူး ၁၅၅ စုံတို့အား ပေးအပ် လှူဒါန်းပွဲကို မေ ၂၈ ရက် နံနက် ၁ဝ နာရီက အဆိုပါ ဖော့ကန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပ ခဲ့သည်။
ရှေးဦးစွာ လှူဒါန်းပွဲတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ကျွန်တော် တို့ အုပ်ချုပ်ရေးအဖွဲ့မှ ကျွန်တော် အပါအဝင် ဆယ်အိမ်စုမှူး (ရာအိမ် မှူး) ၃၄ ဦးနှင့် စုပေါင်း၍ လှူဒါန်း သည့် ပထမအကြိမ်ဖြစ်သည့်အတွက် ကျောင်းသား ကျောင်းသူ ၁၅၅ ဦးကို တစ်ဦးလျှင် ဗလာစာအုပ် တစ်ဒါဇင် နှုန်းဖြင့် စာရေးကိရိယာ အထောက် အကူပြုပစ္စည်း ငါးမျိုးစီ တန်ဖိုး ကျပ် ၃၄၅ဝ သာ လှူဒါန်းနိုင်ပြီး လာမည့်ပညာသင်နှစ်တွင် ယခုလို ကျောင်းသား ကျောင်းသူ ၁၅၅ ဦး ထက်မက လှူဒါန်းနိုင်အောင် ကြိုးစား မည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဗလာစာအုပ် ၁၅၅ ဒါဇင်နှင့် ကျောင်းအသုံးအဆောင် အထောက် အကူပစ္စည်း ငါးမျိုး စုစုပေါင်း ကျပ် ၅၃၄၇၅ဝ ဖြစ်ပြီး ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် ဆယ်အိမ်စုများက ကျောင်းသား ကျောင်းသူ တစ်ဦးချင်း စီကို ဗလာစာအုပ် တစ်ဒါဇင်နှင့် ကျောင်းသုံး အထောက်အကူပစ္စည်း ငါးမျိုးတို့ကို ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။
ဥာဏ်ဟိန်း(အင်းစိန်)
No comments:
Post a Comment